Part 1 (Unicode)

9.9K 309 10
                                        

2017 March

ကျွန်မ နာမည် သန္တာရောင် ... မြောင်းမြအပိုင် ရွာတစ်ရွာမှာနေတယ်... ကျွန်မက အထက်တန်းပြဆရာမ... ကျွန်မမှာ မိသားစုဆိုလို့ အမေနဲ့ အစ်ကိုပဲ ရှိတယ်။ ကိုကြီးကလည်း ကျွန်မကိုဆို အမြဲအလိုလိုက်တော့ ကျွန်မ အသက် အခု ၃၄ ပြည့်တော့မှာတောင် မေမေနဲ့ ကိုကြီးက ကလေးလေးလို သတ်မှတ်နေကြတုန်း...

မေမေ - ''သမီး ပစ္စည်းတွေ စုံပြီလား... ဘာလိုသေးလဲ... နင့်အစ်ကို အပြင်သွားတာ မှာရင်မှာလိုက်လေ..."

ကျွန်မ - " အကုန်စီစဉ်ပြီးပါပြီ မေမေရဲ့ ဒါက ပထမဆုံး သမီး တစ်ယောက်တည်း Trip ထွက်တာလဲ မဟုတ်ဘူး... သမီး လည်း မငယ်တော့ဘူး... ဒီလောက်တော့ ကြိုတင်ပြင်ဆင်ထားနိုင်ပါပြီ..."

မေမေ - " တော်စမ်း သန္တာ... နင်ဘယ်လောက်ပဲ အသက်ကြီးကြီး ငါ့အတွက်တော့ ကလေးလေးပဲ..."

ကျွန်မ ရယ်လိုက်ပြီး မေမေ့အား ဖက်လိုက်လေသည်။

ကျွန်မ - " ဪ... မေမေရယ်... မေမေ သမီးကို အလုံးစုံ စိတ်ချလို့ ရနေပါပြီ ... ၃၄ ဆိုတာ ငယ်တော့တဲ့ အရွယ်လည်း မဟုတ်ဘူး... အဲ့လောက် စိတ်မပူပါနဲ့... မေမေ ပဲ ပင်ပန်းတယ်..."

မေမေ - " စိတ်ချချင်လို့ ယောက်ျားယူပါဆိုတော့လည်း ညည်းက ယူလို့လား... ရည်းစားဖြင့် မူးလို့ရှူစရာတောင် မရှိဘဲ... "

ကျွန်မ ရယ်လိုက်လေသည်။ မေမေ့အား ဖက်ထားရင် မေမေ့ မျက်နှာကြည့်ကာ...

ကျွန်မ - " မေမေကလည်း သမီး ယောက်ျားယူလိုက်ရင် မေမေ့ကို ဘယ်သူ စောင့်ရှောက်မလဲ... မေမေ့သားက ဘယ်လောက် အားကိုးရလို့လဲ..."

မေမေ - " ဟဲ့... အစ်ကိုကို... "

ကျွန်မ - " သူတောင် ၃၇ ဖြစ်နေပြီ... မိန်းမ ယူလို့လား..."

မေမေ - " ကြည့်... စကားကို မနိုင်နိုင်အောင် ပြောတယ် "

ပြောရင်း မေမေ ရယ်လိုက်လေသည်။ မေမေ့ အပြုံးတွေကို မြင်တိုင်း ကျွန်မ ကြည်နူးရသည်။ ကျွန်မတို့ ဖတဆိုး မောင်နှမ နှစ်ယောက် ကို ဒီအရွယ်ထိ မေမေ လိုလေသေးမရှိလေအောင် ထားခဲ့လေသည်။ မေမေ ရယ်မောနေတာကိုသာ ကျွန်မ အမြဲ မြင်ချင်သည်။
..........

The Rope (Own Creation)Where stories live. Discover now