အိမ်ရှေ့၌ ရွှေရည်တစ်ယောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေ၏။
ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်လေသည်။
တစ်ဖက်မှ မကိုင်ချေ။
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည် ဖြေကြားခြင်း မရှိပါသဖြင့်... "
ရွှေရည် - " ချီးပဲ... မသန့် မူးပြီး Silent လုပ်ထားပြန်ပြီ ထင်တယ်... မနက်ဖြန် အလုပ်ရှိပါတယ်ဆိုနေဟာ... "
ထိုစဉ်တွင်ပင် ဖုန်းသံမြည်လာလေသည်။
ရွှေရည် - " မသန့် ... အခုဘယ်မှာလဲ... ပြန်မလာသေးဘူးလား... ဆယ်နာရီထိုးတော့မယ်နော်... "
အိကျော့ - " အဲ ညီမလေးရေ... အစ်မပါ... အိကျော့ ... အိကျော့... ကြယ်စင်က ဒီမှာ မူးနေပြီ... အစ်မ အိမ်ခေါ်သွားလိုက်မယ်နော်... အခုချိန်မှ မူးပြီးအိမ်ပြန်ရင် အန်တီက သတ်မှာပေါ့... "
ရွှေရည် - " မနက်ကျရင် မသန့်ရဲ့ အတန်းအသစ်ရှိတဲ့ဆီ သွားရမှာ... ခရီးသွားရမှာကို ဘာလို့ အများကြီးသောက်ရတာတုန်း... မသန့်ကတော့ တကယ်ပဲ... "
အိကျော့ - " ညီမလေး ဟိုနေ့က သူ့မမနဲ့တွေ့တာကို ပြောလိုက်တယ်ဆို... ကြယ်စင်က ဒီအတိုင်းသာ အကောင်း ... သူ့မမအကြောင်း ပြောရင် မနေနိုင်မထိုင်နိုင်ဖြစ်ပြီး တအားလောင်တာ သိလျက်နဲ့... ဒီနေ့လည်း အစကအကောင်း... မူးမှ သတိရတယ်ဆိုပြီး အော်ငိုနေတာ... အစ်မတို့လည်း သူ့ကို ဘယ်လိုလုပ်ရမှန်း မသိလို့ အိမ်ခေါ်သွားလိုက်တာ... ခရီးက ဘယ်ကိုလဲ... ဝေးလား... "
ရွှေရည် - " မဝေးပါဘူး... နာရီဝက်လောက်ပဲ... ဒါပေမယ့် မသန့်က အမူးသောက်ထားရင် နောက်နေ့ ခေါင်းနောက်တတ်တယ်လေ... "
အိကျော့ - " အစ်မတို့ကလည်း သူ စိတ်ညစ်နေတော့ မတားချင်ဘူး... "
ရွှေရည် - " သမီးလည်း စိတ်ညစ်တယ်... သူ့ကျန်းမာရေး အခြေအနေကို သိလျက်နဲ့ မသန့်က ဘာလို့ ဒီလောက် ပြောမရရတာလဲ... ကြာရင် တကယ် အရက်သမားဖြစ်တော့မယ်... "
အိကျော့ - " ညီမလေးလည်း ပစ္စည်းတွေယူပြီး အိမ်လာအိပ်လိုက်ပါလား... မနက်ကျ ဒီကပဲ ထသွားလိုက်တော့... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
