"သန့်ကြယ်စင်နှင့်ယမုံဝင့်ဝါ တို့၏ အတိတ်မှ အချစ်ဇာတ်လမ်း" ဟူသော ခေါင်းစည်းဖြင့် တက်လာသော Post များကို သန့်က ဂရုမစိုက်သော်လည်း ကျွန်မကတော့ ဂရုစိုက်ပါသည်။ ထို့ပြင် ယခုထိတိုင် တွဲနေကြသေးသည် ဟူသော ကောလာဟလ များကို အထူးတလည်ကို အာရုံထဲ ထည့်မိနေလေသည်။
Media ဟူသည်မှာ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောဆိုသည်မှာ ဓမ္မတာ ဆိုသော်ငြား သန့်နှင့် ပတ်သတ်သည့် မဟုတ်မမှန် သတင်းတို့ကြောင့် ကျွန်မ ဧကန်ပင် စိတ်ထိခိုက်ရလေသည်။
သန့် - " အဲ့ဒါတွေ ခေါင်းထဲ ထည့်မနေနဲ့လေ မမရာ... လက်ရှိမှာ အသန့်လေးက မမ ဘေးမှာ ငုတ်တုတ်ကြီး ... "
ကျွန်မ - " မမက အသန့်လေးကိုတော့ ယုံပါတယ်... ဒါပေမယ့် လူတွေက သွားပုပ်လေလွင့် ပြောနေကြတာကို မကြိုက်တာ... "
သန့်က ကျွန်မ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။
သန့် - " ဒါဆိုရင် မမနဲ့ အသန့်လေးအကြောင်း ပြောပြလိုက်ရမလား... "
ကျွန်မ - " ဖြူစင့်ကို အားနာစရာ... "
ကျွန်မ၏စကားကြောင့် သန့်က ပြုံးလိုက်လေသည်။
သန့် - " မမက သူ့ကို အားနာနေရအောင် သူကရောအသန့်လေးတို့ကို အားနာလို့လား... "
ကျွန်မ - " ဟင်... ဒါက... "
သန့် - " ဒီတစ်ခေါက် ကိစ္စက သူ့ပယောဂ ကင်းတယ်လို့ ထင်နေတာလား... ရွှေရည် အားလုံးစုံစမ်းပြီးနေပြီ... အသန့်လေးတို့ရဲ့ ဂျူနီယာကနေ သတင်းပေးတာတဲ့... အသန့်လေးနဲ့ ယမုံ့အကြောင်းကို သိတာ သူငယ်ချင်းတွေပဲ ရှိတာ... ဖြူစင်နှင်းက အသန့်လေးနဲ့ ယမုံ့အကြောင်း မေးတယ်... အသန့်လေးကို Propose လုပ်တာကို ငြင်းလိုက်တယ်... မကြာဘူး ယမုံနဲ့အကြောင်းက ပေါ်လာတယ်... မမ အသန့်လေးက မမအတွက် အသန့်လေးနဲ့တွဲနေတာ မမဆိုတာကို ဖုံးထားတာ ... "
ကျွန်မ - " ဖြူစင်က အဲ့လိုလုပ်မယ့်လူမျိုး မဟုတ်ဘူး... ပြီးတော့ သူ့အတွက်လည်း အကျိုးရှိတာ မဟုတ်ဘဲနဲ့... "
သန့် - " ရှင်းနေတာပဲ... အသန့်လေးကို စိတ်အနှောင့်အယှက် တမင်ပေးတာနေမှာပေါ့... အသန့်လေးက စိတ်အနှောင့်အယှက် မဖြစ်ရပါဘူး။ ဒီလောက်ကလေး ကြုံရတာ အာရုံထဲကို မရှိဘူး... ရှုပ်တယ် မမရာ ... လုပ်သက်မပြည့်လည်း ဒီအတိုင်း အလုပ်ထွက်လိုက်ပြီး အသန့်လေးနောက် လိုက်ခဲ့တော့... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
