Part - 25 (Unicode)

Start from the beginning
                                        

သန့်အတွက် တစ်ရွာလုံးနီးပါးက ဟိုဟာလာပေး သည်ဟာလာပေးဖြင့် ကျွန်မအိမ်၌ ဧည့်မပြတ်ပေ။ ဤသည်မှာ ကျွန်မတို့ မြန်မာ့ကျေးလက်နေလူတန်းစားများ၏ ချစ်စရာ့ဓလေ့ တစ်ခုပင်။ တစ်ရွာလုံး၏ အရေးကို မိမိကိစ္စကဲ့သို့ပင် ပူပန်တတ်ကြလေသည်။

စကားပြောရင်း သန့်၏ ပန်းကန်ဆီသို့ ရောက်လာသော ပုစွန်ဟင်းခပ်ထားသည့် ဆရာမကြီး၏လက်ကြောင့် ကျွန်မ မသိလိုက်မိခင်မှာပင် ထိုလက်အား ရိုက်ချလိုက်မိလေသည်။

ဆရာမကြီး - " ဟယ်... ဘာဖြစ်လို့လဲ... "

ကျွန်မ - " အယ်... ဆရာမကြီး... ကန်တော့ ကန်တော့... ဟို အသန့်လေးက ပုစွန် Allergic ရှိလို့ အဲ့ဒါ ပြောမလို့ကို ယောင်ပြီး ရိုက်လိုက်မိတာ... "

ကျွန်မ၏ စကားကြောင့် ဆရာမကြီးက တအံ့တသြဖြင့် သန့်ကို ကြည့်ကာ

ဆရာမကြီး - " ဟင်... ဆရာမက ပုစွန် Allergic ရှိတာလား... "

သန့် - " ဟုတ်တယ်... ကျွန်မက ပုစွန်စားရင် တကိုယ်လုံး အနီစက်တွေ ထွက်ပြီး ယားလာတတ်တယ်... အဲ့ဒါကြောင့် စားလို့ မရဘူး... "

ဖြူစင်က မျက်မှောင်ကျုံ့၍ ကျွန်မကို ကြည့်ကာ

ဖြူ - " နေပါဦး... ဆရာမက ဒါကို ဘယ်လိုသိတာလဲ... သမီးတို့ Supporter Group ထဲက လူတွေတောင် မသိကြဘူး... "

ဖြူစင့်အမေးကြောင့် ဆရာမကြီးကလည်း ကျွန်မ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေလေသည်။

သန့်ကတော့ ပြုံး၍

သန့် - " လမ်းထိပ်မှာ ရွှေရည်နဲ့ တွေ့တုန်းက ဖြူစင်ပါ ပါတယ်ဆို ... မမက တို့ရဲ့ မိဘတွေနဲ့တောင် ခင်တဲ့လူပဲဟာ ဒီလောက်မှ မသိရင် ထူးဆန်းနေမှာပေါ့... "

သန့်၏ စကားကြောင့် ဆရာမကြီးက

ဆရာမကြီး - " ဒါဆို သန္တာက မမကြူပြောတဲ့ ဒီရွာက အသိဆိုတဲ့ တစ်ယောက်ပေါ့... သြော် ငါက ဘယ်သူများလဲလို့... "

သန့် - " မေက ဆရာမကြီးကို မမအကြောင်း ပြောတယ်လား... "

ဆရာမကြီး - "ဆရာမကို ဒီမှာ လာသင်ဖို့ ပြောတုန်းက မမကြူက ဒီရွာမှာ အသိရှိတာမို့ အဆင်ပြေမှာပါတဲ့... သန္တာ့ အိမ်မှာ နေရမှာမို့ အဆင်ပြေပါ့မလား... ကျောင်းမှာပဲ ထားရမလား မေးတော့လည်း သန္တာ့အိမ်မျာပဲ ထားပါတဲ့လေ... အဲ့ဒါကြောင့်ကိုး မဟုတ်ရင် မမကြူက သူ့သမီးကို တခြားတစ်ယောက်အိမ်မှာ ထားဖို့ လွယ်လွယ်နဲ့ ခွင့်ပြုပါ့မလား... ကျောင်းမှာပဲ အဆင်ပြေအောင် ထားခိုင်းမှာ... "

The Rope (Own Creation)Where stories live. Discover now