Part - 25 (Unicode)

Start from the beginning
                                        

သန့် - " တကယ်လည်း စိတ်ပူပါတယ်... ပြီးတော့ ကိုယ့်ဂျူနီယာတစ်ယောက်နဲ့ အခုလို ပြန်ဆုံရတာကိုလည်း ဝမ်းသာပါတယ်... "

ဖြူ - " ဟီး ဟီး... တစ်ခုခုဆို သမီးကို လှမ်းခေါ်နော်... ညနေကျမှ အေးဆေး အိမ်ကို လာခဲ့မယ်နော်... "

သန့် - " အင်း ညီမလေး... တို့ ပြန်တော့မယ်နော်... "

ဖြူစင့်ကို နှုတ်ဆက်ကာ ထွက်လာရင်း ဆိုင်ကယ်အနားရောက်သော် သန့်က ကျွန်မ၏ လက်ထဲမှ ဆိုင်ကယ်သော့ကို လုလိုက်ကာ

သန့် - " အနောက်ကနေပဲ လိုက်ခဲ့... အသန့်လေး မောင်းမယ်... "

ကျွန်မ - " ရပါတယ်... အဲ့ဒေါက်ဖိနပ်ကြီးနဲ့ စိတ်မချပါဘူး... တစ်ခုခုဖြစ်ရင် ရှင်တစ်ယောက်တည်း မဟုတ်ဘူး... ကျွန်မပါ ထိမှာ... "

သန့် - " ခွင်ထိုင်ပြီး အကြောတောင့်နေတဲ့ ခြေထောက်နဲ့ gear change ရင်း တစ်ခုခု ဖြစ်သွားရင် ဘယ်နှယ့်လုပ်မလဲ... အနောက်ကနေ ထိုင်ရင်းတော့ ထိခိုက်မခံနိုင်ပါဘူး... ဒီခေတ်ကြီးရောက်နေပြီ Click ဖြစ်ဖြစ် Scoopyi ဖြစ်ဖြစ် စီးတာမဟုတ်ဘူး... "

ကျွန်မ - " ဟဲ့ တောမှာနေတာလေ... အဲ့ဒါတွေ စီးပြီး ဘာလုပ်ရမှာလဲ... မြေအနေအထားနဲ့ အဆင်ပြေမယ့်ဟာ စီးရတာပေါ့... မမပဲ မောင်းပါမယ် အသန့်လေးရယ်... အသန့်လေးသာ တစ်ခုခုဖြစ်ရင် မမပဲ ရင်ကျိုးရမှာ... "

သန့် - " မမ ... အတန်းထဲမှာ မမ ခြေထောက် တအားနာနေတာ သိလို့ အသန့် ဒီနေ့ အတန်းစောဆင်းပေးတာ ... အသန့်လေး တစ်ခါမှ ဒီလို သဘောမကောင်းဖူးဘူးနော်... သိလိုက်တော့... အနောက်ကနေပဲ လိုက်... Pencil heels နဲ့မို့ စိတ်ပူရင် ဖိနပ်ချွတ်ပြီး မောင်းပေးမယ်... OK လား... "

သန့်၏ စကားကြောင့် ကျွန်မက ပြုံးလိုက်ကာ

ကျွန်မ - " ဟုတ်ကဲ့ပါရှင့် စကားနားထောင်ပါ့မယ်... "

ကျွန်မကို အရိပ်တကြည့်ကြည့်နှင့် အသေးအဖွဲလေးကအစ စိုးရိပ်ပေးတတ်သော ထိုကလေးမ၏ ညှို့ကွင်းများက ကျွန်မရုန်းမထွက်နိုင်အောင် ချည်နှောင်ထားပေသည်။

.........................................................

ထမင်းစားချိန်ဆိုလျှင် ကျွန်မအိမ်၌ လူအလွန်စည်လေ၏။

The Rope (Own Creation)Where stories live. Discover now