(ခွင် {အသံထွက် - ဂွင်} ဟူသည်မှာ မြန်မာ့အက၏ အခြေခံ ပုံစံတစ်မျိုးဖြစ်သည်။ ဖနောင့်တွင် လက်တစ်မိုက်၊ ဖဝါးတွင် တစ်ထွာတစ်မိုက်၊ ဒူးတွင် အမျိုးသမီးဖြစ်ပါက လက်သီးဆုပ်၍တစ်တောင်၊ အမျိုးသားဖြစ်ပါက လက်ဝါးဖြန့်၍တစ်တောင် တိုင်းတာကာ ခါးနောက်၌ လက်ဖနောင့်ထောက်၍ ဇလားသဏ္ဍာန် ထိုင်ရခြင်း ဖြစ်ပေသည်။)
သန့် - " ဒီနေ့က ပထမဆုံးနေ့မို့လို့ နေ့တဝက်နဲ့ပဲ ဆင်းပေးလိုက်ပါမယ်... အိမ်မှာ ခွင်လည်း လေ့ကျင့်ခဲ့ပါ ကကွက်တွေလည်း လေ့ကျင့်လာခဲ့ပါ... ကျွန်မ အခုသင်တာက လုံးဝမပင်ပန်းသေးတာနော်... ခွင်ကို တစ်မိနစ်ပဲ ထိုင်ခိုင်းသေးတာ... ကျွန်မတို့တုန်းကဆို တစ်နေ့ ငါးမိနစ် အနည်းဆုံးပဲ... အကတန်းက ကျောင်းရဲ့ သုံးလွှာမှာ အတန်းပြီးရင် လှေကားကို ဖက်ပြီး ဆင်းရတဲ့အထိ ပင်ပန်းခဲ့ရတယ်... ရှင်တို့ကို တအား မတင်းကြပ်တာမို့ ကြိုးစားကြပါ... "
အတန်းဆင်းသည်နှင့် အားလုံးပင်ပန်းနေကြလေပြီ။
ဖြူစင်က အတင်းပင် သန့်အနားကပ်ကာ
ဖြူ - " မမသန့် ... ညီမလေးကို မှတ်မိလား... ဖြူစင်နှင်းလေ... ပန်းချီကလေ... အဆောင်မှာဆို ဒုတိယထပ် အာ... မခိုင်ဇင်တို့ ဘေးအခန်းကလေ... "
သန့် - " ဒုတိယထပ် ပန်းချီကဆို မွန်မွန့် Guardianship ထဲက ထင်တယ်... "
ဖြူ - " ဟုတ်တယ် ဟုတ်တယ်... "
သန့် - " Sorry နော်... တို့က တို့ Guardianship မဟုတ်ရင် သိပ်မမှတ်မိလို့ရယ်... "
ဖြူ - " ရပါတယ် မမသန့်ရဲ့... ညဘက်ဆို Hall ထဲမှာ မမသန့် စာပြန်သင်ပေးရတဲ့အုပ်စုထဲကလေ... စာမရဘူးဆိုပြီး ငိုတဲ့တစ်ယောက်... "
သန့် - " မှတ်မိပါပြီ ညီမလေးရဲ့... "
ဖြူ - " မမသန့်ကို သမီး အိမ်ပြန်လိုက်ပို့ပေးမယ်လေ... "
သန့် - " နေပါစေ... ညီမလေး ပင်ပန်းနေမှာပေါ့... နားလိုက်လေ... တို့က ဆရာမသန္တာရောင်နဲ့ပဲ အတူပြန်လိုက်မယ်... ဆိုင်ကယ်လည်း ပါတာပဲကို... "
ဖြူ - " မမသန့်ကလည်း သူစိမ်းဆန်လိုက်တာ... ဒါပေမယ့် သမီးကို စိတ်ပူပေးတယ်လို့ပဲ သတ်မှတ်လိုက်ပါမယ်... ဟီး... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part - 25 (Unicode)
Start from the beginning
