Part - 25 (Unicode)

Magsimula sa umpisa
                                        

ကျွန်မ - " မလာနဲ့... ရှုပ်တယ်... "

ဖြူ - " ဟင့်အင်း... မရဘူး လာမှာ... "

ဆရာမကြီးက ချောင်းတစ်ချက်ဟန့်ရင်း သန့်ကို ကျွန်မတို့နှင့် မိတ်ဆက်ပေးလေသည်။ သန့်က ပြုံးရွှင်စွာဖြင့်

သန့် - " ဒီထဲမှာ ကျွန်မကို သိပြီးသားလူတွေလည်း ရှိကြသလို မသိတဲ့လူတွေလည်း ရှိနိုင်တာမို့ ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပေးပါမယ်... ကျွန်မ နာမည်က သန့်ကြယ်စင်ပါ... Social Influencer တစ်ယောက်ဖြစ်သလို စာရေးဆရာတစ်ယောက်အနေနဲ့လည်း စာအုပ် သုံးအုပ် ထွက်ဖူးပါတယ်... ဒါပေမယ့် ကျွန်မရဲ့ Professional Job က အကနည်းပြ တစ်ယောက်ပါ... ကျွန်မက Korea National University of Arts ကနေ Ph.D ရထားတဲ့ Professor ပီပီ စည်းကမ်းသိပ်ကြီးပါတယ်... ကျွန်မ အသက်က ၂ရပါ... ဒီထဲမှာ ကျွန်မထက် အကြီးတွေ အများကြီးပါပဲ... ဒါပေမယ့် ရှင်တို့ကို စာသင်ခန်းပြင်ပမှာပဲ Respect ပေးနိုင်ပါတယ်... ဒီအခန်းထဲရောက်ရင် ကျွန်မက ဆရာမပါ... ကျွန်မက အသက်ငယ်တာမို့ ရှင်တို့တွေ ကျွန်မကို မလေးစားလည်းဖြစ်တယ်... ကျွန်မ ဂရုမစိုက်ပါဘူး... ဒါပေမယ့် ကျွန်မရဲ့ ပညာနဲ့ အချိန်ကိုတော့ လေးစားပေးပါ... ကျွန်မရဲ့ အကြောင်း ကြားသင့်သလောက် ကြားဖူးမှာပါ... မတတ်တာကို သင်လို့ရပါတယ်... မကြိုးစားတာကိုတော့ သင်ပေးလို့ မရနိုင်ပါဘူး... ဒီ၁၄ရက်အတွင်း ရှင်တို့ သိပ်ပင်ပန်းရမှာပါ... မြန်မာအကက သိပ်ခက်ခဲပါတယ်... ယုံကြည်ချက်မရှိရင် အစကတည်းက လိုက်မသင်လို့ ရတယ်... သင်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ အကောင်းဆုံး ကြိုးစားပေးကြပါ... "

သန့်၏ စကားကို နားထောင်ရင်း အားလုံးက ခေါင်းတညိမ့်ညိမ့်နှင့် ပြုံးနေကြလေသည်။

သည်ကလေးမက ချေမိုးနေသည်ကအစ ချစ်ဖို့ကောင်းနေသည်ကိုး...

.........................................................

သန့်သည် Professional ဆန်လွန်းလှပေသည်။
သန့်၏ သင်ခန်းစာများမှာ ကျွန်မတို့ ပညာရေးကောလိပ် တက်စဉ်က သင်သော အနုပညာအတန်းထက် များစွာ ပင်ပန်းရပေသည်။

ကျွန်မတို့ကို အုပ်စုလိုက် ခွင်ထိုင်ခိုင်းစဉ် အဖွဲ့အားလုံးနှင့်အတူ ခွင်လိုက်ထိုင်ပေးသော အသန့်သည် ကျွန်မတို့၏ တဝက်ပင် ပင်ပန်းပုံမရချေ။

The Rope (Own Creation)Tahanan ng mga kuwento. Tumuklas ngayon