Part - 25 (Unicode)

Comenzar desde el principio
                                        

ကျွန်မ - " ဟယ်... စောစောစီးစီး ပေါက်ကရတွေ ပြောနေပြန်ပြီ... "

သန့် - " ဒါဆို နာရီကြည့်ပြီးမှ ပြောရမှာလား ... "

ကျွန်မ - " တော်ပါတော့... သွားရအောင်... ဆရာမကြီးက မနက်စာစားဖို့ စောင့်နေပြီ... "

သန့် - " အသန့်လေး ဆိုင်ကယ်မောင်းမယ်လေ မမ.. "

ကျွန်မ - " နေစမ်းပါ... အဲ့ဖိနပ်နဲ့ လိုက်မစီးရဲဘူး... "

သန့် - " အမလေး... ကျောင်းတုန်းကဆိုလည်း Pencil heels ကြီးနဲ့ သူငယ်ချင်းရဲ့ ဆိုင်ကယ်ကို ယူမောင်းချင် မောင်းနေတာပဲ... "

ကျွန်မ - " ဒီမှာက လမ်းမကောင်းဘူးလေ ကလေးရဲ့... မမောင်းရပါဘူး... "

သန့် - " အဲ့စကား မှတ်ထားတယ်နော်... အသန့်လေးရဲ့ အတန်းကို တက်ပြီး နောက်ရက်တွေ ခြေထောက်နာတယ် ဆိုင်ကယ်မမောင်းနိုင်ဘူးလို့ မညည်းနဲ့နော်... မမောင်းပေးဘူး... ဟွန့်... "

သန့်က ပြောရင်း ကျွန်မကို မျက်စောင်းထိုးလေသည်။

ကျွန်မ - " ဟုတ်ကဲ့ပါရှင်... ဘယ်လောက်ပဲ ပင်ပန်းပါစေ အသန့်လေးကို လုံးဝ မမောင်းခိုင်းပါဘူး... "

သန့် - " Ok လေ... ကြိုက်ပြီ... နောက်နှစ်ရက်ဆို ဒီလို ဆက်ပြောနိုင်မလား စောင့်ကြည့်မယ်... "

သန့်၏ စကားကြောင့် ကျွန်မ ရယ်လိုက်မိလေသည်။

..........................................

စာသင်ခန်းတွင်းသို့ ဆရာမကြီးနှင့် သန့်အတူဝင်လာလေရာ တစ်ခန်းလုံး တိတ်ဆိတ် သွားလေ၏။

ဖြူစင်က ကျွန်မနံဘေးသို့ ကပ်လာကာ

ဖြူ - " ဆရာမ အဲ့ဒါ တကယ်ကြီး မမသန့်လား... အား... မယုံနိုင်စရာ... ဆရာမ သမီးကို ဆွဲဆိတ်ကြည့်ပါလား... အိပ်မက်များလားလို့ ... "

ကျွန်မက ဖြူစင့်အား မျက်စောင်းထိုးရင်း ဆွဲဆိတ်လိုက်လေ၏။

ဖြူ - " အား... နာတယ်... တကယ်ကြီးပေါ့နော်... ဒါဆို မမသန့်က ဆရာမအိမ်မှာ လာနေနေရတာပေါ့နော်... ညနေ သမီးလည်း အိမ်လာခဲ့မယ်... "

The Rope (Own Creation)Donde viven las historias. Descúbrelo ahora