Part - 24 (Unicode)

Start from the beginning
                                        

ကျွန်မ - " ဟုတ်ပါတယ်... သမီးလည်း သူ့ကို အကြာကြီး အတူဆက်ရှိနေစေချင်ပါတယ်... "

သန့်၏ မိခင် - " ဟိုလေ... အန်တီ ဒီလို ပြောတယ်ဆိုတာ အသန့်လေး မသိစေနဲ့နော်... "

ကျွန်မ - " ဟုတ်ကဲ့ ... စိတ်ချပါ အန်တီ... "

ကံကြမ္မာက ရက်စက်လွန်းလှပေသည်။

ကျွန်မတို့ ပြန်ဆုံခါ ရှိသေးသည်... ထပ်မံ၍ သေခွဲခွဲရန် ကြံစည်နေလေပြီ...

.....................................................................

သန့် - " ဟိုလေ... ကျွန်မ အပြင်ထွက်ချင်လို့... "

ကျွန်မ - " ဟင့်အင်း... မဖြစ်ဘူး... "

သန့် - " ဘာလို့လဲ... "

ကျွန်မ - " ဆရာမကြီးက မှာထားတယ်... မနက်ဖြန် အတန်းမစခင်အထိ သင်မယ့် ဆရာမက အသန့်လေးဆိုတာ ဘယ်သူ့ကိုမှ မသိစေနဲ့တဲ့..."

သန့် - " ဟယ်... ဘဝကြီးကလည်း တောပုန်းနေရသလိုပဲ... ဒီအိမ်ထဲမှာတင် နေပြီး ဘာလုပ်ရမှာလဲ... "

ကျွန်မ - " အပြင်ထွက်ပြီးတော့ရော ဘာလုပ်မှာမို့လို့လဲ... "

သန့် - " တယောထိုးချင်လို့... "

ကျွန်မ - " အိမ်ထဲမှာ ထိုးလည်း ရတာပဲကို ... "

သန့် - " ဘေးအိမ်တွေကို အားနာလို့လေ... "

ကျွန်မ - " ဒါပေမယ့် အသန့်လေး အပြင်ထွက်ရင်က တအားထင်းနေမှာ... "

သန့် - " ဒါတော့ အမေမွေးထားတဲ့ အတိုင်းပဲလေ... ရုပ်ခံက တအား Bling Bling ဖြစ်နေတဲ့ဟာ... "

သန့်၏ စကားကြောင့် ကျွန်မ ပြုံးလိုက်မိပါသည်။

ကျွန်မ - " အသန့်လေး မမကို စိတ်ဆိုးပြေပြီလား... "

သန့် - " စိတ်မဆိုးပါဘူး ... စိတ်မကောင်းဖြစ်မိရုံပဲ... "

သန့်က ပြတင်းပေါက်ကို ငေးကြည့်ရင်း
ခပ်တွေတွေဖြင့် ပြောလေ၏။

ကျွန်မ - " မမကြောင့် ဒီလို......... "

ကျွန်မ၏ စကားမဆုံးမီ သန့်က ဖြတ်၍

သန့် - " မဟုတ်တာ... မမမှာ အခက်အခဲ ဖြစ်နေတာကို အသန့်လေးက ကိုယ်ချင်းမစာပေးခဲ့မိဘူး... အသန့်လေးက အတ္တတွေ၊ မာနတွေကို အမြဲ ရှေ့တန်းတင်ခဲ့မိတယ်လေ... "

The Rope (Own Creation)Where stories live. Discover now