သန့် - " မေက စကားပြောချင်တယ်တဲ့... "
ကျွန်မက ဖုန်းကို လှမ်းယူလိုက်ရာ သန့်က ထထွက်သွားလေ၏။
ကျွန်မ - " ဟုတ်ကဲ့ တီကြူ ပြောပါ... "
သန့်၏ မိခင် - " ရွှေရည့်ဆီကနေ ကြားပြီးလောက်ပြီ ထင်ပါတယ်... သမီးနဲ့ ပြတ်ကတည်းက အန်တီ့သမီးလေးက အလုပ်ကိုပဲ စိတ်နှစ်ရင်း အချိန်ကုန်နေခဲ့တာ သူ့မှာ အရင်လို ပျော်ရွှင် လွတ်လပ်တဲ့ ပုံစံကို မမြင်ရတော့ဘူး... သမီးအနေနဲ့လည်း အသန့်လေးကို မမေ့နိုင်ဘူးလို့ အန်တီထင်ပါတယ်... အရင်လို ပျော်ပျော်ရွှင်ရွှင် ပြန်နေဖို့ စကားစကြည့်ပေးပါ... တခြားကိစ္စတွေကို အာရုံမထားနဲ့ အန်တီ အကုန်ဖြေရှင်းပေးမယ်... အန်တီ့မှာ ဒီသမီးလေးတစ်ယောက်ပဲ ရှိတာ... သူ့ကို ပြုံးပျော်နေတာပဲ မြင်ချင်တယ်... "
ကျွန်မ - " ဒါပေမယ့် သမီးက အခုမှ ဒီလိုလုပ်တော့ သူအောင်မြင်လာမှ သူ့ဆီ ပြန်သွားသလို ဖြစ်မနေဘူးလား... ဒီလို ပုံစံတော့ သမီး အဖြစ်မခံနိုင်ဘူး... "
သန့်၏ မိခင် - " မဖြစ်ပါဘူး... အန််တီက သမီးရဲ့ စိတ်ကို နားလည်ပြီးသားပါ... သမီးတို့ချင်း ပြဿနာတက်တုန်းက အန်တီ မသိခဲ့ရဘူး... အသန့်လေးကလည်း အန်တီမေးတာကို ဘာမှ မဖြေဘဲ ဘာမှ မဖြစ်ဘူး သူအဆင်ပြေတယ်ပဲ ပြောနေခဲ့တာ... သူ ထွက်သွားတော့မှ အန်တီ့ကို ရွှေရည် ပြောပြလို့ သိခဲ့တာ... သမီးရဲ့ ရွေးချယ်မှုကို အန်တီ အပြည့်အဝ နားလည်ပါတယ်... "
ကျွန်မ - " ဟုတ်ကဲ့ပါ အန်တီ... သမီးအနေနဲ့ကတော့ ဆယ်နှစ်လောက် ချစ်ခဲ့တဲ့သူလေ... ရွှေရည်က သမီးကို အားလုံးပြောပြသွားပါတယ်... အသန့်လေးရဲ့ လက်ကျန်သက်တမ်း တစ်နှစ်အတွင်း သူ့ကို ထပ်ပြီး မနာကျင်ရအောင် ကြိုးစားပါ့မယ်... "
သန့်၏ မိခင် - " လက်ကျန်သက်တမ်း တစ်နှစ်ဆိုတာ ဘာကြီးတုန်း... လူဆိုတာ Expire Date ပါတာမှ မဟုတ်တာ ... "
ကျွန်မ - " ဟင်... ရွှေရည်ပြောတော့ အသန့်လေးက တစ်နှစ်ပဲ ခံတော့မှာဆို... "
သန့်၏ မိခင် - " ဟမ်... အဲ့လောက်ထိ ပြောသွားတာလား... ဟို... သမီးရယ်... စိတ်ပျိုတော့ ကိုယ်နုတယ်တဲ့... ပစ္စည်းတွေလို Expire Date အတိအကျ သတ်မှတ်လို့မှ မရတာ... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part - 24 (Unicode)
Start from the beginning
