Part - 24 (Unicode)

Start from the beginning
                                        

ကျွန်မ - " ဒါပေမယ့် အစ်မကို ခုန သူပြောတာ ကြားတယ်မလား... အစ်မက ဘယ်လိုလုပ် ပြန်ကြိုးစားရမှာလဲ... "

ရွှေရည် - " အဲ့ဒါ အပိုတွေပါ ဆရာမရယ်... မသန့်က ခုချိန်ထိ ဆရာမကို စောင့်နေခဲ့တာမို့ တစ်ယောက်တည်း ဖြစ်နေရတာ... မဟုတ်ရင် သူလား ... အသစ်ရနေပြီပေါ့ ... "

ကျွန်မ - " သူက ပြန်လက်မခံရင်ရော ... "

ကျွန်မ၏ တန်ပြန်မေးခွန်းကြောင့်
ရွှေရည်က ပြုံးလိုက်လေသည်။

ရွှေရည် - " ဆရာမက တခြားသူမှ မဟုတ်တာ... သန္တာရောင်လေ... မသန့်က အချိန်တိုင်း ဆရာမကို လွမ်းနေခဲ့တာ... မသန့်လို အသည်းမာတဲ့လူက ဆရာမကြောင့် အမြဲတမ်း ငိုခဲ့ရတယ်... အဲ့သည့် မျက်ရည်တွေက အလကားကျနေတာမှ မဟုတ်တာ... ဆရာမသာ နည်းနည်းလေး Try ကြည့်ရင် မကြာပါဘူး ဆရာမရယ်... စိတ်မပူနဲ့ ဆရာမဘက်မှာ သမီးအမြဲရှိတယ်... "

ရွှေရည့်စကားကြောင့် ကျွန်မ မဝံ့မရဲဖြင့် သက်ပြင်းချမိပါသည်။

ရွှေရည်က ကျွန်မကို ပြုံးစစဖြင့် ကြည့်ကာ

ရွှေရည် - " နောက်ဆုံး ဘယ်လိုနည်းနဲ့မှ မရဘူးဆိုရင် မူးအောင်တိုက်ပြီး အိပ်ရာပေါ် အတင်းဆွဲတင်လိုက်... "

ရွှေရည့် စကားကြောင့် ကျွန်မက မျက်စောင်းထိုးလိုက်မိပါသည်။

ကျွန်မ - " ဟဲ့ ... ဘာတွေ လျှောက်ပြောနေတာလဲ... "

ရွှေရည် - " အမလေး... အပျိုကြီးတွေများနော် ခက်လိုက်တာ... မသန့်ရော၊ ဆရာမရော တစ်ချိုးတည်းပဲ... "

...........................

ရွှေရည်က မှာစရာရှိသည်များကို မှာကြားခဲ့ပြီးနောက် ပြန်သွားခဲ့လေသည်။

သန့်က ပစ္စည်းများကို နေရာချနေစဉ်တွင် ဖုန်းဝင်လာလေ၏။

သန့် - " hello... မေ... ရွှေရည့်ကို ပြန်လွှတ်လိုက်ပြီနော်... "

သန့်၏ မိခင်က တစ်ဖက်မှ ဘာပြန်ပြောလိုက်သည် မသိ၊ သန့်က မျက်မှောင်ကျုံ့လိုက်ကာ

သန့် - " ဒီကိစ္စကို ကြိုသိနေတာလား... "

ထိုနောက် သန့်က ကျွန်မဘက်သို့ လှည့်ကာ ဖုန်းကို ထိုးပေးရင်း

The Rope (Own Creation)Where stories live. Discover now