Part - 24 (Unicode)

Start from the beginning
                                        

ကျွန်မ - " အသန့်လေး ... မမကလေ... "

သန့် - " အဲ့နာမ်စားကြီး မသုံးပါနဲ့လား... "

" စိတ်ယိုင်မိသွားမှာစိုးလို့..."

ရင်ထဲက ပြောလိုက်သည့် စကားကို ကျွန်မ မကြားမိခဲ့ပါချေ။

သို့သော် သန့်၏ ငိုမဲ့မဲ့ မျက်နှာထားကိုတော့ သတိထားမိပါသည်။

ထိုစဉ် ရွှေရည်က ဝင်လာလေသည်။

ရွှေရည် - " ဆရာမ ... သမီးနဲ့ စကား နည်းနည်းလောက် ပြောရအောင် ... "

ကျွန်မ - " အင်း... လာခဲ့မယ်... "

သန့်က ကျွန်မတို့ကို လှည့်မကြည့်ဘဲ
Toilet အတွင်းသို့ ဝင်သွားခဲ့လေသည်...

Toilet အတွင်း၌ တစ်ယောက်တည်း ကြိိတ်ငိုခဲ့ရသည်ကိုတော့ သန့်မှတစ်ပါး မည်သူမျှ မသိချေ။

သန့်အတွက်တော့ အချစ်ဆိုသည်မှာ လွယ်သယောင်ယောင်နှင့် ခက်ခဲလွန်းသော ပုစ္ဆာတစ်ပုဒ်ပင်။

နှစ်တွေကြာခဲ့သော်လည်း မေ့ဖျောက်၍ မရခဲ့ပေ။
သူ့အကြောင်းတွေးလိုက်မိတိုင်း လူက လေလွင့်နေတဲ့ နွားမကြီးလိုလို ... ဦးတည်ချက်မဲ့လှပေသည်။

ဘာ့ကြောင့် နှလုံးသား နာကျင်ရသလဲ သန့်သေချာ မသိတော့ပါ...

တစ်ယောက်တည်းနေလျှင် အကောင်း၊ သူ့အရိပ်အယောင်မြင်တိုင်း ရင်တလှပ်လှပ်နှင့် နာကျင်လွန်းရပေသည်။ ယခုလို လူအကောင်လိုက် အရှင်လတ်လတ်ကြီး ပေါ်လာလေရာ မည်မျှခံစားရသည်ကို မှန်းဆကြည့်ကြပါတော့...

.............................................................................

ဧည့်ခန်းအတွင်း၌ ရွှေရည် ပြောသမျှ စကားတို့ကို ကျွန်မ ငြိမ်သက်စွာ နားထောင်နေမိပါသည်။

ကျွန်မ - " တကယ်လား... ရွှေရည်... ဘယ်လိုလုပ် ဒီလိုကြီး ကြုံရတာလဲ... "

ရွှေရည် - " ဟုတ်တယ် ဆရာမ ... ဆေးစစ်ချက်ကို သမီးကိုယ်တိုင်ယူပြီး ဆရာဝန်နဲ့တွေ့ခဲ့တာ... မသန့်က အကြာဆုံးခံရင် တစ်နှစ်ပဲတဲ့... အဲ့ဒါကြောင့် သမီးက သူ့ကို မလိမ့်တစ်ပတ်နဲ့ ဒီကို ခေါ်လာခဲ့ရတာ ... မသန့်ကို အခုလို အထီးကျန်တဲ့ ဘဝကြီးနဲ့ ပေးမသေနိုင်ဘူး... ဆရာမရယ်... မသန့်နဲ့ ပြန်အဆင်ပြေအောင် နေပေးပါလားဟင်... ဆရာမနဲ့သာဆို သူ့နေ့ရက်တိုင်းက ရွှေတစ်နေ့၊ ငွေတစ်နေ့ ဖြစ်နေမှာ... "

The Rope (Own Creation)Where stories live. Discover now