ဆရာမကြီး၏ မေးခွန်းကြောင့် သန့်က ခနဲ့တဲ့တဲ့ ပြုံးကာ ကျွန်မကို ကြည့်လိုက်လေ၏။
ကျွန်မ - " ကျွန်မအနေနဲ့ကတော့ နာမည်ကြီးနေတဲ့ Social Influencer တစ်ယောက်ကို မသိဘဲ နေပါ့မလား... "
ဆရာမကြီး - " ဟုတ်သားပဲနော်... ဆရာမရေ... ဒီကဆရာမနာမည်က ဒေါ်သန္တာရောင်ပါ... ကျွန်မတို့ကျောင်းက အထက်တန်းအတန်းမှူးလည်းဖြစ် ကျွန်မရဲ့ လူယုံဆိုလည်း မမှားဘူးပေါ့... "
သန့် - " ဟုတ်ကဲ့ရှင့် ... I glad to see you. နော်... "
သန့်က ခပ်ယဲ့ယဲ့ ပြုံး၍ ကျွန်မအား ပြောလိုက်လေသည်။
နောက်၌ " မမ " ဟူသော နာမ်စား ထည့်သွင်းခဲ့သည်ကို ပါးစပ်မှ ထုတ်မပြောခဲ့သဖြင့် ကျွန်မ မကြားနိုင်ခဲ့ပါ။
ဆရာမကြီးက လူကြီးတို့ ထုံးစံအတိုင်း ကျောင်းအကြောင်း ရှင်းပြကာ အလာပသလာပ ပြောလေ၏။ ပြောလို့ အားရခါမှ
ဆရာမကြီး - " ဆရာမတို့ နားချင်နေကြမယ် ထင်တယ် ... နေ့လယ်စာ စားချိန်လောက်မှ ကျွန်မ ပြန်လာခဲ့ပါမယ်... လိုတာရှိရင် သန္တာ့ကို ပြောလို့ရပါတယ်... "
သန့် - " ဟုတ်ကဲ့ပါရှင့်... "
ဆရာမကြီး ပြန်သွားပြီးနောက် သန့်က
သန့် - " Toilet ဘယ်နားမှာ ရှိလဲ မသိဘူးရှင့် ... "
ကျွန်မ - " အနောက်မှာပါ လိုက်ပြပေးမယ်နော်... "
သန့်က ကျွန်မ နောက်မှ လိုက်လာလေ၏။
သန့်က ဘေစင်ကို တွေ့သည်နှင့် အတင်းပြေးကာ ထိုးအန်တော့လေသည်။
ကျွန်မက အနားကိုသွားကာ ကျောကိုဖိပေးရင်း
ကျွန်မ - " ညက သောက်ထားတာ ထင်တယ်... မနက်စာလည်း မစားထားဘူးမလား... ဒီလိုမှန်းသိရင် ခုနက အအေးတွေ အတင်းမတိုက်ပါဘူး... "
သန့်က ကျွန်မ၏ လက်ကို တွန်းဖယ်လိုက်ကာ
သန့် - " ကျွန်မတို့က သိလို့လား... ဘာလို့ ရင်းနီးသလို လာလုပ်နေတာလဲ... လူရှေ့မှာ မသိချင်ယောင်ဆောင်ပြီး ကွယ်ရာမှ လာဂရုစိုက်ပြမနေပါနဲ့... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part - 24 (Unicode)
Start from the beginning
