Part - 24 (Unicode)

Start from the beginning
                                        

သန့်... သန့်က ငါတို့ကို လာသင်မယ့် ဆရာမလား...
ကမ္ဘာကြီးက ဘာလို့ ကျဉ်းရတာလဲ...

ကျွန်မကဲ့သို့ပင် သန့်သည်လည်း ကျွန်မအား တအံ့တသြ ငေးစိုက်ကြည့်နေလေ၏။

ထိုမျက်ဝန်းများထဲတွင် လွမ်းဆွေရိပ်တို့က အထင်းသား...

သန့်က ရုတ်တရက် မျက်မှောင်ကျုံ့လိုက်ပြီိး ရွှေရည်အား လှည့်ကြည့်လိုက်လေ၏။

" ကြိုသိနေတာမလား " ဟူသော အကြည့်။

ရွှေရည်က " သူ မသိပါဘူး " ဟူသော အနေဖြင့် ခေါင်းအသာယမ်းလိုက်လေ၏။

အမှန်တော့ ရွှေရည်တစ်ယောက် မနေ့က ကျောင်းအနေအထားကြည့်ရန် တစ်ခေါက်ရောက်ခဲ့ပြီးပါပြီ။

ဆရာမကြီးထံမှတစ်ဆင့် တည်းခိုရမည့်အိမ်အကြောင်းကိုလည်း သိရှိခဲ့ပါပြီ။

သို့သော် ဆရာမကြီး ကိုယ်တိုင်ကလည်း ကျောင်းမှ ဆရာမများကို အံ့သြသွားစေလို၍ သန့်အကြောင်းကို တမင် မပြောခဲ့ခြင်းပင်။

ဆရာမကြီး - " ဆရာမတို့ အိမ်ထဲဝင်ကြပါ ... ကားဆရာကိုလည်း ခေါ်လိုက်ဦးလေ... "

သန့် - " ပစ္စည်းယူပြီးရင် သူလိုက်လာပါလိမ့်မယ်... "

သန့်တို့နှစ်ယောက် ဆရာမကြီးနှင့်အတူ
အိမ်ထဲဝင်လာကြလေ၏။

ကျွန်မ - " ထိုင်ကြနော်... နှစ်ပတ်လောက်နေရမှာဆိုတော့ အနေမကျုံ့ကြနဲ့ ကိုယ့်အိမ်လို့သာ သဘောထား... "

ရွှေရည် - " မသန့် တစ်ယောက်ပဲ နေခဲ့မှာပါ... ကျွန်မတို့က ပြန်ရမှာ... Driver ကလည်း အန်တီ့လူကို ခေါ်လာရတော့ နေ့ချင်းပြန်ရမှာ... "

ကျွန်မ - " ရွှေရည်က ဘာဖြစ်လို့လဲ... "

သန့် - " နယ်ဆင်းပြီဆိုတာနဲ့ အလုပ်က တစ်မျိုးပဲ ရှိတော့တာလေ... မန်နေဂျာကို ခေါ်ထားလည်း သူက Schedule စီစဉ်ပေးစရာမှ မလိုတော့တာ ... ဒါနဲ့ နေပါဦး ဒီကို လာမယ့် ဆရာမက ကျွန်မ ဆိုတာကို ကြိုသိနေတာလား... "

ဆရာမကြီး - " ဘယ်သူမှ မသိကြဘူး ဆရာမရဲ့... ကျွန်မက မနက်ဖြန် အတန်းစတော့မှ အားလုံး အံ့သြသွားကြအောင်လို့... ဆရာမတို့က သိနေကြတာလား... "

The Rope (Own Creation)Where stories live. Discover now