ရွာအမည် ဆိုင်းဘုတ်ကို လှမ်းတွေ့လိိုက်သော်လည်း ကားမောင်းနေရသည်မို့ သန့် သေချာ မဖတ်လိုက်မိပါ။
ရွှေရည် - " မသန့် အရှေ့လမ်းမှာ ဘယ်ချိုးလိုက်... ကျောင်းအုပ်နဲ့ အရင်တွေ့ပြီးမှ တည်းတဲ့ဆီသွားရမယ်... "
သန့် - " အင်း... "
ရွှေရည် ညွှန်ပြသည့် လမ်းအတိုင်း မောင်းဝင်ခဲ့ရာမှ ကျောင်းရှေ့၌ ကားကို ရပ်ပြီးလျှင် သန့်ရော ရွှေရည်ပါ ကားပေါ်မှ ဆင်းလိုက်လေ၏။
သန့် - " ကိုဇေ... ကားပြန်ထွက်ဖို့ အဆင်သင့် ပြင်ထားပေးနော်... "
ကိုဇေ - " ဟုတ်ပြီ ... ညီမလေး... "
ရွှေရည် - " ဝင်ရအောင် မသန့်... "
သန့်က ခေါင်းညိတ်လိုက်ကာ ကျောင်းဘက်သို့ အလှည့် ကျောင်းနာမည်ကို ဖတ်ကာ ရင်ထဲ၌ ဆစ်ခနဲ ဖြစ်သွားရလေသည်။
သန့် - " ဟင်... ရွှေရည် ... တို့ ဒီရွာကို လာရမယ် ဆိုတာ ဘာလို့ ကြိုမပြောတာလဲ... "
ရွှေရည် - " မသန့်က မေးလို့လား... "
သန့်် - " ဒါပေမယ့် ဒီကိုဆိုရင် တို့မလာချင်လောက်ဘူးဆိုတာ ရှင်သိလျက်နဲ့ ... "
ရွှေရည် - " ဒါက အန်တီ စပ်ပေးထားတဲ့နေရာလေ... "
သန့် - " Sh*t !!! လေတယ်ဟာ... "
သန့်မှာ အောင့်သက်သက်ဖြင့် ကျောင်းထဲ ဝင်ခဲ့ရလေ၏။
ဆရာမကြီးနှင့် နှုတ်ဆက်ကာ သင်ကြားရမည့် အခန်းအနေအထားကို လေ့လာပြီးသော် တည်းရမည့် အိမ်သို့ ဆရာမကြီးနှင့်တကွ အတူ သွားလေ၏။
......................................................
အိမ်အရှေ့နားဆီသို့ ရပ်လာသော ကားသံ၊ ခြံတံခါး ဖွင့်သံနှင့်အတူ ဆရာမကြီး၏အသံကိုပါ ကြားလိုက်ရသည်နှင့်တပြိုင်နက် ကျွန်မအိမ်ရှေ့သို့ ထွက်လာလေ၏။
ဆရာမကြီး - " ဝင်လာပြီနော်... "
ကျွန်မ - " ဟုတ်ကဲ့ ဆရာမရေ... ကျွန်မတို့က စောင့်နေ... "
ပြောလို့မဆုံးမီမှာပင် ဆရာမကြီး၏ အနောက်မှ တစ်စုံတစ်ယောက်ကြောင့် ကျွန်မ ပြောစရာ စကားလုံးတို့ ပျောက်ရှသွားခဲ့လေသည်။
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part - 24 (Unicode)
Start from the beginning
