Part - 24 (Unicode)

Start from the beginning
                                        

ရွှေရည် - " နေတော့ အစ်မရယ်... မနက်ကျမှ စောစောလာခေါ်လိုက်မယ်... မသန့်ကို ဂရုစိုက်ဦးနော်... မနက်ဖြန်က သူ့အတွက် တကယ် အရေးကြီးတယ်... အင်း... ဘယ်လိုပဲ ဖြစ်ဖြစ် ဒီည မူးထားတာဆိုတော့ မနက်ဖြန်ကျရင် shock မရလောက်ပါဘူး..."

အိကျော့ - " ဘာလို့လဲ... ဘာကို shock ရမှာလဲ... "

ရွှေရည် - " အဲ့လိုတွေ ရှိတယ်... နောက်မှ အေးဆေး ပြောပြမယ်... "

အိကျော့ - " အင်း...အင်း... ဖုန်းချလိုက်တော့မယ်နော်... "

ရွှေရည် - " ဟုတ်ကဲ့... "

ဖုန်းချလိုက်သည်နှင့်တပြိုင်နက်
ရွှေရည်တစ်ယောက် သက်ပြင်းချလိုက်မိလေသည်။

ပြောရလျှင် အနာဂတ်အတွက် ကြိုတင် ရင်မော နေမိခြင်းပင်။

.................................

သန့်တစ်ယောက် ကားနောက်ခန်းတွင်
အိပ်၍ လိုက်ပါလာလေ၏။

လပွတ္တာ လမ်းခွဲအရောက်တွင် ရွှေရည်က Driver ကိုဇေယျ အား ကားရပ်စေကာ

ရွှေရည် - " ခဏနားရအောင်... မသန့် Speed ပဲ သောက်မှာမလား... အအေးဆိုင်ရှိတယ်... ဆင်းဝယ်ပေးမယ်... "

သန့် - " အင်း... ကိုဇေ ဆင်းရင် ကားမှန်ဖွင့်သွားပေး... အသန့် ခဏနားဦးမယ်... "

ရွှေရည် - " အမလေး... မသိရင် တစ်လမ်းလုံး သူမောင်းလာရတာကျနေတာပဲ... "

သန့် - " ဒီ့အရှေ့ကို တို့ဆက်မောင်းမှာ... မဟုတ်ရင် ရောက်တဲ့အချိန် နုံးနေလိမ့်မယ်... "

ရွှေရည် - " သြော်... ကိုယ့်ကိုယ်ကိုယ် သိသားပဲ... အဲ့ဒါကို ဘာလို့ ကွဲပြဲနေအောင် သောက်လဲ... "

သန့် - " ဒီလိုပဲ... စိတ်လေနေလို့ ... အအေးဆင်းဝယ်မှာမလား... သွားဝယ်... သွား... "

ရွှေရည်က သန့်ကို မျက်စောင်းထိုးကာ ကားပေါ်မှ ဆင်းသွားလေသည်။

.....................................................................

ကားသည် တရွေ့ရွေ့ မောင်းနှင်ရာမှ အလိုရှိရာ အရပ်သို့ နီးကပ်လာလေ၏။

The Rope (Own Creation)Where stories live. Discover now