Part - 24 (Unicode)

Start from the beginning
                                        

ကျွန်မ - " မမက အသန့်လေးဘက်ကို မကြည့်ခဲ့ဘဲ နှစ်ယောက်လုံး နာကျင်ရမယ့် လမ်းကိုမှ ရွေးခဲ့မိတာပါကွယ်... ဒါကလည်း အသန့်လေး မမကြောင့် ဘဝကို လက်လွှတ်ခဲ့မှာစိုးလို့ ... "

သန့် - " အသန့်လေးက အဲ့လို လုပ်မယ့်လူလား... "

ကျွန်မ - " ဟင်... "

သန့် - " လိုချင်တာက တစ်ခုထက် ပိုနေရင် Win-Win Situation ကို ရောက်အောင် ကြိုးစားမယ့်သူမျိုးပါ... အဲ့ဒါကို မမက အသန့်လေးကို ဘလိုင်းကြီးထားသွားတယ်... အဲ့ဒါ ကောင်းလားပြော... "

ကျွန်မ - " အဲ့တုန်းက အသန့်လေး ပြောတော့ မမက အသန့်လေးကို ထားခဲ့တာ မဟုတ်ဘူး... အသန့်လေးက မမကို ထားခဲ့တာဆို ... "

သန့် - " ဒီလိုပဲ ကြံဖန်ပြီး နိုင်အောင်ပြောရတာပေါ့ ... ထားခဲ့ခံရတဲ့ အဖြစ်မျိုးမှ အဖြစ်မခံနိုင်တာ... "

သန့်၏ စကားကြောင့် ကျွန်မက ပြုံးလိုက်မိသည်။

သန့် - " မရယ်ပါနဲ့ ... "

ကျွန်မ - " အဲ့ဒါဆို ညီမလေးက မမကို စိတ်မဆိုးဘူးပေါ့ ... ဒါဆို မနက်က ဘာလို့ မမကိုကျ အော်ပြီး အိမ်သာထဲ ဝင်ငိုနေတာလဲ... "

သန့် - " မမကရော ဘာလို့ ဆရာမကြီးရှေ့မှာ အသန့်လေးကို မသိမလို နေနေတာလဲ... ပြီးတော့ လူမသိအောင် လက်မှတ်တွေ လာတောင်းလိုက် လက်ဆောင်တွေ လာပေးလိုက်နဲ့... "

ကျွန်မ - " သိနေခဲ့တာလား... "

သန့် - " မမရဲ့ ကလေးကလားအကွက်တွေကိုမှ မသိရင် သန့်ကြယ်စင် ဘယ်ဟုတ်တော့မလဲ... "

ကျွန်မ - " ဒါဆို အခုက ဘာလဲ... ပြန်အဆင်ပြေတာလား... "

သန့် - " ပြန်အဆင်ပြေချင်လား... "

ကျွန်မ - " မမ အနေနဲ့ကတော့ ဒီလိုမျိုး ခက်ခဲတဲ့ ကံတရားကို ဖြတ်သန်းခဲ့ပြီးမှ ပြန်ဆုံရတာ ... ထပ်မဝေးချင်တော့ဘူး... ကျန်ရှိနေတဲ့သက်တမ်းမှာ အသန့်လေးရဲ့လက်ကို တွဲပြီး အရာရာကို ရင်ဆိုင်ချင်တယ်... အသန့်လေးသာ လက်ခံမယ် ဆိုရင်ပေါ့... "

သန့် - " ဘာလို့လဲ... "

ကျွန်မ - " ဟင်... "

သန့်၏ အမေးစကားကြောင့်
ကျွန်မ ကြောင်အ သွားမိသည်။

The Rope (Own Creation)Where stories live. Discover now