Part - 23 (Unicode)

Start from the beginning
                                        

ဘုတ်ဘုတ် - " တီလေးက သမီးကိုဆို ဆူမယ်ဆိုတာချည်းပဲ... တီလေး တူမက ဆေးရုံမှာ House လာဆင်းနေတာပါနော်... အားအားယားယားနေနေတာ မဟုတ်ဘူး... "

ကျွန်မ - "ဟယ် ... လူကြီးကို ပြန်ပြောနေတာလား ... "

ဘုတ်ဘုတ် - " တီလေးတို့ကလေ လူကြီး ... လူကြီးနဲ့ ... အသက်ကြီးတဲ့လူက အမြဲမှန်တယ်လို့ ထင်နေတာလား... ပြောချင်ရာပြောတယ်... ဖြေရှင်းခွင့် မပေးဘူး... ဖြေရှင်းချက်ထုတ်ပြန်ရင်လည်း ပြန်ပြောတယ်... ရိုင်းတယ် ဖြစ်ရော... ငြိမ်နေပြန်ရင်လည်း မလေးစားဘူးက ဖြစ်သေးတယ်... ပြီးရင် ငါတို့တုန်းက ဘယ်လို ဘယ်ညာနဲ့... "

ကျွန်မ - " ဟဲ့... ငါပြောတာက နည်းနည်းရယ်... နင့်ဖာသာ မနေ့ညက နင့်အဖေဆူလို့ စိတ်တိုနေတာ ငါ့ကို လာလွှဲမချနဲ့... "

ဘုတ်ဘုတ် - " ဖေကြီးက တီလေးကို ပြန်ပြောတယ်လား... "

ကျွန်မ - " အေးလေ... ငါတို့မှာ ဒီမောင်နှမ နှစ်ယောက်ပဲကျန်တဲ့ဟာ... သမီး အဖေကို သမီး စိတ်မဆိုးရဘူးနော်... အဖေရင်းမဟုတ်ပေမယ့် တူမချင်းတူတာတောင် သမီးအဖေလို သမီးကို တီလေးက မစောင့်ရှောက် ပေးနိုင်ဘူး... သမီး မိဘတွေဆုံးသွားကတည်းက ကိုကြီးက စောင့်ရှောက်ပေးခဲ့တာ ... သူအိမ်ထောင်ကျသွားတာတောင် သမီးကို သူတို့ရဲ့ အိမ်ထောင်စုထဲ ထည့်ပေးထားတာလေ... ကိုကြီးက သမီးကို ဘယ်လောက်ချစ်လိုက်သလဲ... သမီး လိမ်လိမ်မာမာနေပေးရုံနဲ့တင် မိဘဆိုတာက ကျေနပ်နေပြီ... "

ဘုတ်ဘုတ် - " တီလေးကလေ သမီးကို မိဘဆိုတာ ဘလာဘလာနဲ့သာ ပြောနေပြီတာ ကိုယ်တိုင်ကျတော့ အပျိုကြီးဖြစ်နေပြီးတော့... "

ကျွန်မ - " သြော်... ဒီကောင်မလေးတော့ ငါထုတော့မယ်... "

............................................................

လက်မှတ်ထိုးပွဲအပြီး Media များနှင့် တွေ့ဆုံ၍ Interview ဖြေဖြစ်လေသည်။

Interviewer - " အသန့်လေးရဲ့ ဒီတစ်ခေါက်စာအုပ်ကလည်း best seller စာရင်းဝင်တယ်နော်... Preorder တွေတင်မက လက်မှတ်ထိုးပွဲလုပ်တဲ့ ငါးမြို့လုံးမှာလည်း စာအုပ်တွေ အကုန်ကုန်တယ်ဆိုတော့ အသန့်လေးရဲ့ ပီတိစကားကို ကြားချင်ပါတယ်... "

The Rope (Own Creation)Where stories live. Discover now