Part - 23 (Unicode)

Start from the beginning
                                        

သန့် - " ကျေးဇူးတင်ပါတယ်... အိမ်ရောက်ရင် ဖတ်လိုက်ပါမယ်နော်... "

ထိုကလေးမက ခေါင်းညိတ်ပြကာ လှည့်ထွက်သွားလေ၏။

နောက်ရောက်လာသောသူများကို လက်မှတ်ထိုးပေးရင်း သန့်တစ်ဖန်အလုပ်ရှုပ်သွားပြန်သည်။

.............................................

စားပွဲပေါ်သို့ စာအုပ်ကို တင်ကာ ရှေ့သို့တိုးပေးရင်း

The girl - " ဒီမှာ တီလေး တောင်းခိုင်းတဲ့ လက်မှတ်နဲ့ စာအုပ်... "

ကျွန်မက ထိုစာအုပ်ကို ဆွဲယူ၍ ဖွင့်ကြည့်ကာ ပြုံးလိုက်ရင်း

ကျွန်မ - " ကျေးဇူးပါ... ဘုတ်ဘုတ်ရယ်... ငါ့တူမလေးက အားကိုးရသားပဲ... "

ကျွန်မ၏ စကားကြောင့် ကျွန်မ၏တူမ ဘုတ်ဘုတ်က မျက်စောင်းထိုးလေ၏။

ဘုတ်ဘုတ် - " တီလေးက သမီးကို လိုမှပါ... ပုသိမ်မှာ စာစစ်လာနေတာကို သမီးကို တစ်ချက် မဆက်သွယ်ဘူး... ပြန်ခါနီးကို လိုမှ လှမ်းခေါ်တယ်... "

ကျွန်မ - " တီလေးတို့က အပြင်ထွက်လို့မှ မရတာ ... သမီးကို ခေါ်ပြီးဘာလုပ်ရမှာလဲ... အခုလည်း တွေ့နေရပြီပဲကို... "

ဘုတ်ဘုတ် - " အခုတွေ့တာက လက်မှတ်ကိုယ်စား တောင်းခိုင်းချင်လို့မလား... သမီးကို တွေ့ချင်လို့မှ မဟုတ်ဘဲ... "

ကျွန်မ - " မဟုတ်ပါဘူး... လမ်းကြုံလို့ပါ... "

ဘုတ်ဘုတ် - " သြော်... လမ်းကြုံလို့ ဝင်တွေ့တာပေါ့လေ... "

ကျွန်မ - " ဟယ်... မဟုတ်တာ... လမ်းကြုံလို့ လက်မှတ်တောင်းခိုင်းတာပါ ... "

ဘုတ်ဘုတ် - " နေပါဦး... တီလေးနဲ့သူနဲ့က ခင်တယ် မဟုတ်ဘူးလား... သမီး ငယ်ငယ်တုန်းက မြောင်းမြအိမ်ကို သူလာသေးတယ်လေ... တီလေးတောင် သူက သမီးရဲ့ အဒေါ်အသစ်လို့ ပြောသေးတယ်လေ... "

ဘုတ်ဘုတ်၏ စကားကြောင့် ကျွန်မဆင်ခြေအချို့ကို စဉ်းစားလိုက်လေ၏။

ကျွန်မ - " ဟဲ့... အဲ့ဒါက ငါ့ကိစ္စ နင်က မိဘနဲ့ခွဲနေရတာ လိမ်လိမ်မာမာသာနေ... "

The Rope (Own Creation)Where stories live. Discover now