.....................................................................
မိမိကို တွေ့သဖြင့် ဓာတ်ပုံလာတွဲရိုက်လာသောသူများကို သန့်က အပြုံးဖြင့် ဆီးကြိုရင်း လက်ခံရိုက်ပေးနေစဉ် အဖြူအစိမ်းဝတ်စုံဖြင့် ပညာရေးဝန်ထမ်းများစွာကို မြင်လိုက်ရသောကြောင့် တစ်စုံတစ်ယောက်ကို သတိရမိလိုက်ပါသည်။
သို့သော် အပြုံးမပျက်ပင်...
သန့် - " မနက်ဖြန် အောက်ဆုံးထပ်မှာ လက်မှတ်ထိုးပွဲရှိတယ်... အချိန်ရရင် လာခဲ့ကြနော်... "
................................................
သန့်က များသောအားဖြင့် ရန်ကုန်နှင့် မန္တလေးတွင်သာ လက်မှတ်ထိုးလေ့ရှိသော်လည်း ယခုတစ်ခေါက် စာအုပ်ထုတ်ရာတွင် တိုက်ပိုင်ရှင်ကိုယ်တိုင် တောင်းဆိုသောကြောင့် မြို့ကြီးများဖြစ်သော ပုသိမ်၊ မော်လမြိုင်နှင့် ဘားအံတို့တွင်ပါ လက်မှတ်ထိုးပွဲ လုပ်ဖြစ်လေသည်။
လာသမျှလူအားလုံးကို အပြုံးဖြင့်ကြိုဆိုရင်း နာမည်ရေး၍ လက်မှတ်ထိုးလိုက်၊ ဓာတ်ပုံရိုက်လိုက်ဖြင့် အချိန်ကုန်ခဲ့လေ၏။
စားပွဲပေါ်သို့ ရောက်လာသောစာအုပ်တစ်အုပ်...
သန့်က စာအုပ်ကို ဆွဲယူလိုက်ကာ
သန့် - " နာမည်က... "
The girl - " သန္တာရောင်... "
သန့်တစ်ယောက် ထူပူသွားပြီး အလျင်အမြန် မော့ကြည့်လိုက်လေသည်။
ထို့နောက် တစ်ချက်ပြုံးလိုက်ကာ
သန့် - " နာမည်လေးက လှတယ်နော် ... ညီမလေး... "
The girl - " ဟုတ်... ကျေးဇူးပါ မမ... ညီမလေးက မမရဲ့ အမာခံပရိသတ်ပါ... "
သန့် - " အာ... ဟုတ်လား... ကျေးဇူးပါ... "
ထိုကလေးမက သန့်နှင့် ဓာတ်ပုံတွဲရိုက်ပြီးသော် ဝက်ဝံရုပ်လေးတစ်ရုပ်ကို ပေးလိုက်ရင်း
The Girl - " မမအတွက် ... အထဲမှာ စာပါတယ်... "
သန့်က ပြုံး၍ လှမ်းယူလိုက်ကာ...
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part - 23 (Unicode)
Start from the beginning
