ဧကန်တွင် သန့်၏ Laptop Screen ပေါ်၌ နှစ်ယောက်တွဲ Couple ပုံက နေရာယူထားဆဲပင်။
......................................................
ဆယ်တန်းစာစစ်နောက်ဆုံးနေ့ ဖြစ်သဖြင့် ကျွန်မတို့ စာစစ်တစ်သိုက် ပုသိမ်Ocean သို့ အတူသွားဖြစ်ကြလေ၏။
Ocean အတွင်း လှည့်ပတ်ရင်း ဘေးမှ စီနီယာအစ်မမှ လက်ကုတ်လာလေ၏။
အစ်မ - " ဟဲ့ သန္တာ ဟိုမှာကြည့်စမ်း... "
အစ်မ မေးငေါ့ပြသည့်ဘက်သို့ ကြည့်လိုက်လေရာ အပြာရောင်ပါတိတ်ဝမ်းဆက် ကို ဝတ်ထားသော အမျိုးသမီးတစ်ဦး...
ကျွန်မကို ကျောပေးထားသော်လည်း ရင်းနီးနေသော ထိုအငွေ့အသက်ကို ကျွန်မ မှတ်မိပါသည်။
အစ်မ - " အဲ့ဒါ သန့်ကြယ်စင် မဟုတ်လား... ဓာတ်ပုံသွားရိုက်ကြရအောင်လေ... "
အစ်မက ပြောပြောဆိုဆိုဖြင့် ကျွန်မလက်ကို ဆွဲခေါ်လေသည်။
ကျွန်မ မသိလိုက်မီမှာပင် အစ်မ၏လက်ကို တွန်းဖယ်လိုက်မိလေသည်။
ကျွန်မ - " အစ်မဖာသာသွားရိုက်ပါ... ကျွန်မ မလိုက်ချင်ဘူး... "
အစ်မ - " ဘာလို့လဲ သန္တာရဲ့... သန္တာ သူ့ကို ကြိုက်တယ်မဟုတ်လား... သန္တာ့ဆီမှာ သူ့ရဲ့လက်မှတ်ပါတဲ့ စာအုပ်တွေတောင် ရှိတဲ့ဟာကို... "
ကျွန်မ - " အဲ့လိုဆိုပေမယ့် အခုလိုကြီး သွားမရိုက်ချင်ဘူး... "
အစ်မ - " ဒါဆိုလည်း နေပါစေတော့... "
အစ်မကို ချော့မော့၍ ထိုအနားမှ ဆွဲခေါ်လာလိုက်လေ၏။
ပြောမရဘူးလေ... ကျွန်မကို မြင်ပြီး သန့်အတွက် စိတ်အနှောင့်အယှက် ဖြစ်သွားလျှင် ဘယ့်နှယ့်လုပ်ရမလဲ...
ထိုသို့ အတွေးဝင်နေစဉ်ပင် ဘေးနားက ဖြတ်သွားသော ကောင်မလေးနှစ်ယောက်ထံမှ တီးတိုးသံကြားလိုက်ရလေ၏။
"ဟိုမှာ သန့်ကြယ်စင် မလား... ချောလိုက်တာ... ဓာတ်ပုံသွားရိုက်ကြရအောင်... " တဲ့လေ။
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part - 23 (Unicode)
Start from the beginning
