Part 22 (Unicode)

Start from the beginning
                                        

သန့် - " အကဆက်သင်ရမယ်ဆိုရင် Contemporary ကို ရပ်လိုက်ရမှာလား... ရွှေရည် ... မက ၂ရ ပဲ ရှိသေးတယ် အလုပ်ဆက်လုပ်နိုင်သေးတယ် ဆိုပေမယ့် ရွှေရည်က ၂၅ ဖြစ်နေပြီနော်... ရွှေရည် Streamer ဖြစ်လာဖို့ မက ပြန်ပြီး Support ပေးရမယ်လေ... မအတွက်ပဲ ကြည့်မနေနဲ့ ကိုယ့်အတွက် ကိုယ်ပြန်ကြည့်ဦး... ရွှေရည် အချိန်တွေပေးပြီး Streaming ကို လေ့လာခဲ့တာ မရဲ့ မန်နေဂျာ ဖြစ်လာဖို့မှ မဟုတ်တာ... မကို အကြီး ပီသခွင့်ပေးပါဦး... အစ်မတစ်ယောက်အနေနဲ့ ဒီလောက်တော့ လုပ်ပေးမှ ဖြစ်မယ်လေ... မဟုတ်ရင် မက ကိုယ့်ညီမကို တစ်ချိန်လုံး ခိုင်းစားပြီး လှည့်မကြည့်တတ်တဲ့ အစ်မ ဖြစ်သွားမှာပေါ့... "

ရွှေရည် - " ဒါပေမယ့် သမီးအတွက် မက မမြတ်နိုးတဲ့ မြန်မာအကကို မရပ်သင့်ဘူးလေ... မ ကျောင်းတစ်ဖက်တက်နေရင်း မြန်မာအက Diploma ဘွဲ့ရဖို့ ဘယ်လောက် အပင်ပန်းခံခဲ့ရလဲ... ပြီးတော့ မရဲ့ ပထမဆုံးဝင်ငွေက ဒီအလုပ်ကြောင့် ရတာမို့ ဘယ်တော့မှ လက်မလွှတ်ဘူးဆိုတဲ့ မက သမီးကြောင့် လက်လွှတ်တယ်ဆိုတော့ သမီးကရော ညီမကောင်းတစ်ယောက်လို့ ဂုဏ်ယူဝ့ံကြွားနိုင်ပါဦးမလား... "

သန့်က ရွှေရည့်ကိုကြည့်ရင်း ပြုံးလိုက်ကာ သက်ပြင်းချလိုက်လေ၏။

သန့် - " ငါ့ ညီမလေး တကယ် အရွယ်ရောက်လာတာပဲ... ဒါပေမယ့် သဘောတူညီမှုတော့ ယူရလိမ့်မယ်... အကသင်ရတာက အပင်ပန်းဆုံးမို့ နားဖို့ စိတ်ကူးလိုက်တာ... ဒါဆို အတန်းချိန်တွေ လျှော့ပစ်လိုက်... ဒါမှ ငါ့ညီမလေးကို Support ပေးနိုင်မှာ... "

ရွှေရည် - " သမီးကို တကယ် စိတ်ပူလို့ဆိုရင် ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ယူချင်တာ အမြန်ယူလိုက်... "

သန့် - " ဟယ်... ဘာလို့တုန်း... "

ရွှေရည် - " အိမ်မှာ ကူဖော်လောင်ဖက် တစ်ယောက်ထပ်ရအောင်လို့လေ... "

ရွှေရည့်ကြောင့် သန့်က ရယ်လိုက်မိလေ၏။

..........................................

မနက်ခင်းအတန်းရှိသည်မို့ ပထမအချိန် အတန်းဝင်ပြီး နားနေခန်းသို့ ပြန်လာသည်နှင့် ကျွန်မ၏ စားပွဲ၌ ထိုင်စောင့်နေသည့် ဖြူစင့်ကို တွေ့လိုက်ရလေ၏။

The Rope (Own Creation)Where stories live. Discover now