သန့် - " အဲ့ဒါတော့ ဟုတ်ပေမယ့် သူက Popping လုပ်လွန်းတာကို တကယ်အဆင်မပြေဘူး... "
ရွှေရည် - " မသန့်ကသာ လူကြီးမို့ သူ Popping လုပ်တာကို သဘောမကျတာလေ... သူ့ Fan တွေက သူ Popping လုပ်မှန်းသိလည်း ဘာလုပ်လုပ် ထောက်ခံနေတာပဲဟာ... သူ့ Interview တစ်ခုမှာ မသန့်က သူ့အချစ်ဦးပါလို့ ထုတ်ပြောခဲ့တာကို သူ့ Fan တွေက မသန့်ကိုပါ သူတို့ အချစ်ဦးလို့ သဘောထားပြီး မသန့်ကို Support လာကြတယ်လေ... သူကတော့ မသန့်က သူ့ထက် နာမည်ကြီးတဲ့ Social Influencer မို့ တမင်ထုတ်ပြောခဲ့တာ ဆိုပေမယ့် မသန့်အတွက် အကျိုးရှိခဲ့တာပဲ မဟုတ်လား... သူက Popping ဆိုတာ လူတိုင်းသိနေကြပေမယ့် သူ့ Popping ကို Audience က လက်ခံတယ်လေ... ဒါကလည်း သူ့ရဲ့ အရည်အချင်းတစ်ခု၊ စန်းတစ်ခုလို့ ဆိုရမယ် ထင်တယ်... ဘာမှ စိတ်မပူနဲ့ ... မသန့်ရဲ့ ပုံစံအတိုင်း အေးအေးဆေးဆေးပဲ ကျော်ဖြတ်လိုက်... "
သန့် - " အမလေးတော်... မိကျောင်းမင်းကို ရေခင်းပြနေလိုက်တာ အတူတွဲလုပ်ရလည်း တို့က အဆင်ပြေပါတယ်... အဲ့လို Popping လုပ်တဲ့ Type ကို မကြိုက်လို့သာ... "
ရွှေရည် - " သြော်... ဒါနဲ့ ခုနက အန်တီ ဖုန်းဆက်တယ်... "
သန့် - " ဟုတ်လား... မေက ဘာတဲ့လဲ... တို့ဆီကျ မဆက်ဘူးရော... "
ရွှေရည် - " အလုပ်ကိစ္စမို့ သမီးဆီပဲ ဆက်တာနေမှာပေါ့... မေလလယ်လောက် Schedule ရှင်းပေးထားပါတဲ့ ... အသိ ကျောင်းအုပ်တစ်ယောက်က သူတို့ကျောင်းမှာ လာသင်ဖို့ ဖိတ်ပေးပါဆိုလို့တဲ့... နယ်ဆိုတော့ မသန့် တခြားကို ကူးသင်လို့ မရလို့ ကြိုပြောထားတာတဲ့... "
သန့် - " Ok လေ... ရတာပဲ... မေမေ့အသိဆိုတော့ နယ်ဆင်းရတာဆိုပေမယ့် ရက်ပိုပေးပေးမယ်လေ... ၁၄ ရက်ပေးမယ်လို့ ပြောလိုက်... ပုံမှန် နယ်ဆိုရင် ၁၀ရက်ပဲ ပေးတာကို မေမေ့ကြောင့် လေးရက် ပိုပေးတယ်ဆိုတာ နားလည်အောင်ပြောလိုက်... ရက် Confirm ဖို့က ရွှေရည်ဆီ တိုက်ရိုက် ဆက်သွယ်ခိုင်းလိုက်... စျေးဆစ်ရင် ရက်ပိုပေးထားမို့ လျှော့မပေးနိုင်ဘူးလို့ ... ပြီးတော့ သူတို့က နောက်ဆုံး Client ဆိုတာပါ ကြိုပြောထားလိုက်... "
ရွှေရည် - " မသန့် ... မသန့် တကယ် နားတော့မှာလား... ပြန်စဉ်းစားဦးနော်... အခုမှ ၂ရတောင် မပြည့်သေးဘူး... မသန့် အများကြီး လုပ်လို့ရသေးတယ်... "
ESTÁS LEYENDO
The Rope (Own Creation)
Novela JuvenilAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 22 (Unicode)
Comenzar desde el principio
