အသက်ထက်ပိုသော(၄၈)

5.2K 681 10
                                    

Unicode

"သားတို့ကိုနေခွင့်ပေးနော်"

ဝဝကစ်ကစ်နဲ့လုံးတစ်နေသည့်ကလေးလေးနှစ်ယောက်သည်ခွန်းဆီတွင်နေခွင့်တောင်းနေသဖြင့်ခွန်းကခေါင်းညိတ်လိုက်သည်။ခွန်းခေါင်းညိတ်လိုက်သည်နှင့်ကလေးလေးနှစ်ယောက်သည်ချက်ချင်းဆိုသလိုပျောက်သွား၍ရယ်သံလေးများထွက်ပေါ်လာသည်။

"ဟင်! အိမ်မက်လား!"

ခွန်းညဉ့်နက်သန်းခေါင်အိမ်မက်ကြောင့်လန့်နိုးလာခဲ့သည်။ဘေးနားတွင်မိုးသောက်သည်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ခွန်းသည်မိုးသောက်နဲ့မျက်နှာချင်းဆိုင်၍လှဲလိုက်သည်။

"ပဲစေ့လေးကအစ်ကိုနဲ့တူရင်အရမ်းချောမှာပဲ ၊ ခွန်းနဲ့တူနေရင်တော့အဆိုးလေးဖြစ်မှာကျိန်းသေတယ်"

ခွန်းသည်ပဲစေ့အရွယ်သာသာကလေးသာရှိသေးသည့်ရင်သွေးငယ်လေး၏အကြောင်းကိုတွေးမိရင်းပြုံးနေသည်။

"ဘာတွေပြောနေတာလဲ"

သူ၏အသံကြောင့်မိုးသောက်နိုးသွားသည်ထင်ပါရဲ့။မိုးသောက်၏လက်တွေကခွန်း၏ခါးလေးကိုဖက်လိုက်ပြီးသူ့ဘက်ကိုဆွဲယူလိုက်သည်။မိုးသောက်သည်မျက်လုံးများပင်မပွင့်ဘဲခွန်း၏လည်တိုင်ကလေးကိုနမ်းလိုက်သည်။

"ဒီအတိုင်းပဲ ပဲစေ့လေးအကြောင်းတွေးနေတာ"

"အိပ်မပျော်လို့လား ဒါမှမဟုတ် တစ်ခုခုစားချင်လို့လားဘေဘီခွန်း"

"မဟုတ်ပါဘူး ၊ အိမ်မက်ကြောင့်လန့်နိုးလာတာပါ ၊ အိမ်မက်ထဲမှာကလေးလေးတွေတွေ့လို့ ချစ်စရာလေးတွေ"

"ကောင်းတဲ့အိမ်မက်လေးပဲ ၊ အိပ်တော့နော် မနက်လည်းဆေးရုံသွားရမယ်လေ"

"အင်း အိပ်ပြီ"

"ချစ်ဖို့ကောင်းလိုက်တာ"

ခွန်းကိုခါးမှဆွဲဖက်ထားလျက်သူ့ရင်ခွင်ထဲသို့သိမ်းကျုံးထည့်ထားပစ်လိုက်တော့သည်။ခွန်းသည်မိုးသောက်၏ရင်ခွင်ထဲတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည်။

"မိုးသောက်ရေ ခွန်းကိုနှိုးတော့ ၊ အရမ်းအိပ်နေတာမကောင်းဘူး"

အသက်ထက်ပို​သော(Completed)Where stories live. Discover now