အသက်ထက်ပို​သော(၁၉)

8.4K 691 42
                                    

မိုး​သောက် နိုးလာတဲ့အခါ ​ခေါင်း​တွေကိုက်လွန်းလို့ သူ့နားထင်ကိုသူဖိရင်း ​ရေချိုးခန်းထဲဝင်လာသည် ။ သူ့​အောက်ပိုင်းတစ်​နေရာရာကနာကျင်​နေသလိုလို သူခံစား​နေရသည် ။ သူဘာမှမ​တွေး​တော့ဘဲ​ရေ
ပန်းက​ရေ​တွေဖွင့်ချပြီး ​ရေပန်း​အောက်မှာသူဝင်ရပ်လိုက်သည် ။
ရုတ်တရက် သူ့​ခေါင်းထဲကိုမြင်ကွင်းတစ်ချို့အဖြစ်အပျက်တစ်ချို့ဝင်
​ရောက်လာသည် ။

"Shit ! ​သေပြီ"

သူအဝတ်အစား​တွေမြန်မြန်လဲဝတ်ပြီး ခွန်းရဲ့အခန်း​ရှေ့ကို​ရောက်
လာသည် ။

Knock Knock .....

အချိန်အ​တော်ကြာသူတံခါး​ခေါက်​နေ​သော်လည်း တုံ့ပြန်သံမရ ။

"ခွန်း ..... ခွန်း ..... ကိုယ်နဲ့စကားနည်းနည်း​ပြောရ​အောင် ၊ တံခါးဖွင့်ပါဦး ၊ အထဲမှာရှိ​နေတာသိပါတယ် ၊ စကားနည်းနည်း​လောက်​ပြောချင်လို့တံခါးဖွင့်ပါဦး"

ခွန်းကသူ့နားနှစ်ဖက်စလုံးကိုလက်နှစ်ဖက်နဲ့ပိတ်ထားရင်း ​ရေချိုးခန်းထဲမှာငုတ်တုပ်​လေးထိုင်​နေသည် ။ ခဏ​နေ မိုး​သောက်ရဲ့အသံမကြားရ​တော့ပါ ။ သူ​ရေချိုးခန်းထဲက​နေပြန်ထွက်လာသည် ။ သူတံခါး​ခေါက်သံကိုထပ်၍ကြားရပြန်သည် ။ သူမဖွင့်ဘူးလို့ဆုံးဖြတ်လိုက်ချိန်မှာ .....

"ခွန်း ...... ငါတို့​ရေသွားကူးရ​အောင်​လေ ၊ မနက်စာစားပြီး​ရေသွား
ကူးကြမယ်"

ဘရဏီ့အသံကိုကြားလိုက်ရတာ​ကြောင့် ခွန်းတံခါးဖွင့်လိုက်သည် ။
ခွန်းတံခါးဖွင့်လိုက်တဲ့အချိန်မှာ ရုတ်တရက် ဝုန်းခနဲ မိုး​သောက်ကဝင်
လာပြီး အခန်းတံခါးကိုပိတ်ကာ ​လော့ခ်ချလိုက်သည် ။

"ခင်ဗျား ! အခုချက်ချင်းထွက်သွား !"

ခွန်း မိုး​သောက်နဲ့ရင်မဆိုင်ရဲလို့ ​အ​ကြောက်အကန်နဲ့အတင်းနှင်လွှတ်​နေသည် ။

"ခဏ​လေးပါ ငါမင်းကိုစကား​လေးနည်းနည်း​လောက်​ပြောချင်လို့ပါ"

"ကျွန်​တော့်မှာ​ပြောစရာမရှိဘူး ၊ ခင်ဗျားထွက်သွား!"

"မထွက်ဘူး ၊ ငါညတုန်းကမူးပြီးမင်းအ​ပေါ်အမှားလုပ်ခဲ့မိတာ ငါ​တောင်းပန်ပါတယ် ၊ ငါမူး​​နေလို့ပါ ၊ မင်းအ​ပေါ်မှာငါဘာစိတ်မှမရှိပါဘူး"

အသက်ထက်ပို​သော(Completed)Место, где живут истории. Откройте их для себя