အသက်ထက်ပို​သော(၁၃)

10K 738 46
                                    

သျှင်းသည် ကုတင်​ပေါ်မှာတင်လွှဲထိုင်​နေပြီး ရာရာ​လေးနဲ့မျက်နှာချင်းဆိုင်​စေလိုက်သည် ။ မျက်ရည်​လေး​တွေဝဲပြီး မီး​ရောင်မှိန်မှိန်​အောက်က က​လေးငယ်သည် သိပ်ကိုလှပလွန်းသည့်ပန်းချီကားတစ်ချပ်အသွင်ဖြစ်​နေ​သည် ။ သျှင်း က​လေးငယ်ရဲ့စကားကိုနားထဲမှာ အထပ်ထပ်ကြား​ယောင်​နေမိသည် ။

{က​လေး အခု ကိုကို့ကိုချစ်တယ်လို့​ပြောလိုက်တာလား}

သူအ​​တွေး​တွေထဲမှာတဝဲဝဲလည်​နေသည် ။ က​လေးငယ်က သူ့ကိုချစ်တယ်လို့
​တော့မ​ပြောပါဘူး ။ ဒီအတိုင်း သူငိုရင်နာကျင်ရတယ်လို့ပဲ​ပြောတာ ။ ဒါ​ပေမဲ့
နာကျင်မှု ၊ ​ပျော်ရွှင်မှုဆိုတာ​တွေကလည်းအချစ်​ကြောင့်ဖြစ်တည်လာရတဲ့အစိတ်အပိုင်း​တွေပဲမလား ။ သူကုမ္ပဏီကြီးတစ်ခုလုံးကအလုပ်​တွေကို​ဝေခွဲနိုင်​ပေမဲ့ အခုက​လေးငယ်ရဲ့စကားကို​တော့သူ​ဝေမခွဲတတ်​တော့ပါဘူး ။

"က​လေးအခုဘယ်လို​ပြောလိုက်တာလဲ"

"ကိုကိုကရာရာ့​ကျေးဇူးရှင်ဆို​ပေမဲ့ ကိုကို့အ​ပေါ်မှာရာရာခဏခဏ​လောဘတတ်မိ​နေတယ် ၊ ရာရာ ကိုကို့ရဲ့စည်းစိမ်ဥစ္စာ​တွေကိုစိတ်မဝင်စားဘူး ၊ ဒီအတိုင်း ..... ဒီအတိုင်း ကိုကို့ကိုပဲပိုင်ဆိုင်ချင်တာ ၊ ကိုကို့ကိုရာရာ့လူဖြစ်​​စေချင်တာ ၊ ရတယ်မလား ရာရာ့မှာကိုကို့ကို​လောဘတက်ခွင့်ရှိတယ်မလားဟင်"

"ရတာ​ပေါ့က​လေးရယ် ၊ က​လေးဆန္ဒရှိတာဘာမဆိုလုပ်ခွင့်ရှိတယ် ၊ က​လေးရဲ့စိတ်ဆန္ဒအတိုင်းလုပ်ခွင့်ရှိတယ်"

"ဒါဆို ကိုကိုကရာရာ့လူဖြစ်​ပေးပါ ၊ ကိုကို့ကိုရာရာပိုင်ဆိုင်ချင်တယ်"

"က​လေး ဒီမှာကြည့်စမ်း ၊ ကိုကိုကအမြဲတမ်းရာရာ့အပိုင်ပါ ၊ ကိုကို က​လေးကို
စ​တွေ့ကတည်းက ကိုကိုကရာရာ့လူဖြစ်​နေပြီးသားပါ ၊ က​လေး ကိုကို့ကိုချစ်လား"

ရာရာ​လေးသည် ​ခေါင်း​လေးတဆက်ဆက်ငြိမ့်ရင်း .....

"ချစ်တယ် ၊ ရာရာ ကိုကို့ကိုအများကြီးချစ်တယ်"

"ရပြီက​လေး ၊ ဒီတစ်ခွန်းတည်းနဲ့တင်လုံ​လောက်ပြီ ၊ ဒီ​နေ့​လေ ကိုကိုကအ​ပျော်ဆုံးလူသားပဲ"

အသက်ထက်ပို​သော(Completed)Where stories live. Discover now