အသက်ထက်ပိုသော(၄၇)

5.3K 549 15
                                    

Unicode 🍑

မိုးသောက်နှင့်ခွန်းတို့နှစ်ယောက်မိဘအိမ်သို့ရောက်လာကြသည်။

"ခဏလေးအစ်ကို"

ခွန်းသည်အိမ်ထဲဝင်တော့မည်လုပ်နေသည့်မိုးသောက်ကိုခဏဆွဲထားသည်။ခွန်း၏မျက်နှာပေါ်တွင်စိုးရိမ်ပူပန်စိတ်တွေပြည့်နှက်နေသည်ကိုမိုးသောက်မြင်တွေ့နေရသည်။ခွန်း၏ပါးပြင်ကလေးကိုကိုင်လျက်.......

"ခွန်း! အရမ်းမစိုးရိမ်ပါနဲ့ ၊ အစ်ကိုရှိတယ်လေ ၊ ဒါဆိုအပြင်မှာခဏလေးစိတ်ငြိမ်တဲ့အထိနေဦးမလား"

"ဟင့်အင်း အထဲဝင်မယ် ၊ မြန်မြန်ရင်ဆိုင်ပစ်လိုက်မယ်"

မိုးသောက်နှင့်ခွန်းတို့နှစ်ဦးဧည့်ခန်းထဲသို့ဝင်လာသည်။ဧည့်ခန်းထဲတွင်ဖေဖေနဲ့မေမေထိုင်နေသည်။

"ကဲ လာ ထိုင်ကြ"

မေမေ့မျက်နှာသည်အနည်းငယ်ငြှိုးငယ်နေသည်ကိုခွန်းမြင်လိုက်ရသည်။မေမေနဲ့ဖေဖေသိနေပြီဆိုသည်ကိုလည်းရိပ်မိလိုက်ပါသည်။

"မောင်မိုးသောက် အဖေတို့မင်းတို့ကိုဘာကြောင့်ခေါ်တယ်ဆိုတာရိပ်မိလောက်မှာပါ"

"ဟုတ်ကဲ့ပါအဖေ ၊ ကျွန်တော်တို့သိပါတယ် ၊ ဒါတွေအားလုံးကကျွန်တော့်ကြောင့်ဖြစ်လာရတာမို့လို့ကျွန်တော့်ကိုပဲထိုးချင်ထိုး ရိုက်ချင်ရိုက်လိုက်ပါအဖေ ၊ ခွန်းကိုတော့ခွင့်လွှတ်ပေးပါ ၊ ခွန်းမှာဘာအပြစ်မှမရှိပါဘူးအဖေ"

"မေမေ! သား ......"

"ငါ့ကိုလာမခေါ်နဲ့ ၊ ငါနင့်အမေမဟုတ်ဘူး"

"မေမေ! သားက ......"

"ငါသာနင့်အမေဆိုနင်တိုင်ပင်မှာပေါ့ ၊ အခုတော့အမေကိုနည်းနည်းလေးတောင်မတိုင်ပင်ဘူး ၊ နင်တစ်ခုခုဖြစ်သွားရင်ငါပဲရင်ကျိုးရမှာခွေးကောင်လေးရဲ့ ၊ နင်ကလေအဲ့တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ကအဖေအတိုင်းပဲ"

"ဟာ ငါနဲ့ဘာဆိုင်လို့လဲ"

"အတူတူပဲ ၊ ရှင်ရော ရှင့်သားရောတစ်ပုံစံတည်းပဲ"

ခွန်းသည်မေမေ့အနားတွင်ဒူးထောက်‌ထိုင်လိုက်ပြီးမေမေ့လက်ကလေးနှစ်ဖက်ကိုဆုပ်ကိုင်ထားလျက်မေမေ့ကိုမော့ကြည့်လိုက်သည်။

အသက်ထက်ပို​သော(Completed)Where stories live. Discover now