အသက်ထက်ပို​သော(၂၀)

9.3K 659 56
                                    

သူ့အိမ်​ရှေ့ကို​ရောက်​နေတဲ့ခွန်းကို သူအံသြမှင်သက်စွာကြည့်​နေမိ
သည် ။ ခွန်း စိတ်မရှည်​တော့ဘူး ။ ဒီ​လောက်လူတစ်​​ယောက်လုံးကိုမမြင်ဖူးသလိုစိုက်ကြည့်​နေတာ ။ လူက​မောလာရတဲ့အထဲ ဘာ​တွေဒီ​လောက်​တောင်စိုက်ကြည့်​နေရတာလဲ ။

"ဟာ ဒီမှာ အိမ်ထဲ​ပေးမဝင်​တော့ဘူးလား ၊ ဒီမှာ​မော​နေပြီ"

"​သြော် အင်း လာ"

သူ ခွန်းရဲ့ခရီး​ဆောင်အိတ်ကိုဆွဲ​ပေးမယ်လုပ်​တော့ ခွန်းကလက်ကိုအ​နောက်တွန့်လိုက်သည် ။

"​​ခြေ​ထောက်ထိခိုက်မိထားတယ်​လေ ၊ ကျွန်​တော့်ဘာသာဆွဲမယ်"

ခရီး​ဆောင်အိတ်ကိုဆိုဖာ​ဘေးနားမှာချလိုက်ပြီး ဆိုဖာ​ပေါ်မှာထိုင်လိုက်သည် ။ ​​​ထော့နဲ့ ​ထော့နဲ့​လျှောက်​နေတဲ့မိုး​သောက်ကိုသူကြည့်ရတာအဆင်မ​ပြေ ။ သူထသွားလိုက်ပြီး ​ဘေးနားက​နေကူတွဲ​ပေးလိုက်
သည် ။

"လမ်းကိုခဏခဏမ​လျှောက်နဲ့ ၊ ဘာစားပြီးပြီလဲ"

"ဟမ် !"

ခွန်း​ပြောလိုက်တာကို နားမလည်တဲ့ပုံစံနဲ့လာ​ကြည့်​နေသည် ။ မျက်
ဝန်းထဲမှာQuestion Mark​တွေမှတစ်ပုံကြီးမြင်​တွေ့​နေရသည် ။

"ဘာစားပြီးပြီလဲလို့ ၊ ခင်ဗျား​ဆေး​သောက်ရမယ်​လေ"

"အဲ့တာက ဟို ..... ဟို ....."

ဆိုဖာ​ပေါ်မှာထိုင်ပြီး ​ခေါင်းကုတ်လိုက် လည်ပင်းပွတ်လိုက်နဲ့ သူ​မေးတဲ့​မေးခွန်း​လေးကအဲ့​လောက်​တောင် ​ခေါင်းမီး​တောက်မတတ်စဥ်းစားရ​စေသလား ။ ခွန်း စိတ်မရှည်​တော့လို့ မီးဖို​ချောင်ကိုဝင်သွားလိုက်ပြီး ​ရေခဲ​​သေတ္တာကိုဖွင့်ကြည့်လိုက်သည် ။ ​ရေခဲ​သေတ္တာဆိုတာက အလှပြထား​လေသလား ဘာမှမရှိ ဟာလာဟင်းလင်း လွင်ပြင်ကြီးတစ်ခုလိုပဲ ။ ​ရေတစ်ဘူး​တောင်ရှိမ​နေဘူး ။

"ခင်ဗျား ! လူ​ရောဟုတ်​သေးရဲ့လား"

"အဲ့တာက ....."

"ခဏ​​စောင့်​နေ ၊ ဒီနားက​ဈေးမှာကျွန်​တော်တစ်ခုခုသွားဝယ်လိုက်မယ် ၊ ခင်ဗျားဘာစားချင်လဲ"

အသက်ထက်ပို​သော(Completed)Unde poveștirile trăiesc. Descoperă acum