အသက်ထက်ပိုသော(၃၈)

6.2K 671 97
                                    

Unicode 🍑

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးထဲတွင် ရာရာ့မျက်နှာလေးကရှုံ့မဲ့မဲ့လေးဖြစ်နေသည် ။ သျှင်းကအလုပ်ကိစ္စနဲ့ စင်္ကာပူကိုခရီးထွက်ရမှာတစ်ပတ်ကြာမှာမို့လို့ လေဆိပ်ကိုလိုက်ပို့ခြင်းဖြစ်သည် ။

"ကိုကို ဟိုရောက်ရင်ဖုန်းဆက်နော်"

"ကလေးလည်းကိုကိုမရှိတဲ့အချိန်ကျန်းမာရေးဂရုစိုက်နော် ၊ စားချင်တာရှိရင်စိုးပိုင်ကိုပြောနော် ၊ ကိုကို စိုးပိုင်ကိုသေချာ မှာထားခဲ့တယ်"

"ဟုတ် ကိုကိုအားရင်Video Callခေါ်နော် ၊ ကိုကိုအားမှနော်"

"ဒါပေါ့ ဂရုစိုက်နော်ကလေး ၊ တစ်ခါမှမခွဲဖူးတော့ကွာ ကျစ် ဒီအချိန်ကျမှအလုပ်ကိစ္စကပေါ်လာရတယ်လို့"

ရာရာလေးနဲ့စတွေ့ကတည်းကတစ်ပတ်မပြောနဲ့တစ်ရက်တောင်မခွဲဖူးသေး ။ သူများတွေအတွက်တော့မသိပေမဲ့ ရာရာလေးကကိုယ်ဝန်နဲ့ဆိုတော့သူပိုလို့တောင်မသွားချင်ဖြစ်ရသည် ။

"MD သွားဖို့အချိန်ရောက်ပါပြီ"

"ကိုကို ဟိုလေ ဟင့် ......."

ကလေးငယ်လေးငိုချင်နေတာသူသိသည် ။ သူခရီးထွက်ရမယ်လို့ပြောကတည်းက ရာရာလေးမျက်နှာမကောင်း ။

"ညတိုင်းကိုကိုအတူရှိနေပေးမယ်လေ ၊ ကလေးအိပ်မှကိုကိုအိပ်မယ် ၊ တစ်ပတ်ပါပဲကလေးရယ် နော် ၊ သက်အောင်နဲ့ လွှဲလို့မရတဲ့ကိစ္စဖြစ်နေလို့ကိုကိုသွားရတာပါ ၊ မေမေလည်းရှိနေမှာလေကလေးရဲ့ နော် ၊ လိမ္မာပါတယ်ကလေးက ၊ ‌ဗိုက်ထဲက ကလေးလေးအတွက်စိတ်ဓာတ်ကြံ့ခိုင်ရမယ်လေ ဟုတ်တယ်မလား ၊ ကိုကိုပြန်လာရင်မုန့်တွေအများကြီး ဝယ်လာမယ်"

ဗိုက်ထဲကကလေးလေးလို့ပြောလိုက်ရင် ရာရာလေးကအငိုတိတ်သည် ။ ကလေးလေးအတွက်ဆိုရင်တော့ ရာရာ လေးကဘာမဆိုလုပ်နိုင်စွမ်းရှိလာသည် ။ အနည်းငယ်ထွက်နေသည့်ဗိုက်ကလေးကိုနမ်းပြီး ရာရာလေးရဲ့နဖူးလေး ကိုနမ်းလိုက်သည် ။ ရာရာလေးကသျှင်းရဲ့နှုတ်ခမ်းကိုနမ်းလိုက်သည် ။

"သားငယ် ကိုကိုလေယာဉ်မမီဘဲဖြစ်နေမယ်လေ နော်"

မေမေကရာရာလေးရဲ့ပုခုံးကိုကိုင်လိုက်ပြီးပြုံးရင်းပြောသည် ။ အဲ့တော့မှရာရာလေးကသျှင်းရဲ့လက်ကိုလွှတ်သည် ။ တဖြည်းဖြည်းနဲ့မြင်ကွင်းထဲကနေသျှင်းပျောက်ကွယ်သွားသည် ။

အသက်ထက်ပို​သော(Completed)Where stories live. Discover now