အသက်ထက်ပို​သော(၂၁)

9.9K 842 98
                                    

က​လေးကငိုပဲ​ငို​နေတယ် ။ ဘာမှ​မေးလို့မရ ။ ​ချော့လို့လည်းမရ ။ သူမရှိတဲ့အချိန်ဗီဗီယမ်ဘာ​ပြောသွားတာလဲ ။ က​လေးဒီ​လောက်ငိုတာ
သူတစ်ခါမှမမြင်ဖူးဘူး ။

"သက်​အောင် ကားခဏရပ်လိုက်ပါကွာ"

သက်​အောင်ကကားကိုလမ်း​ဘေးခဏချရပ်​​ပေးလိုက်ပြီး ကား​ပေါ်က​နေဆင်းသွား​ပေးသည် ။ က​လေးကိုသူ့​ပေါင်​ပေါ်​ပွေ့ချီတင်လိုက်ပြီး
မျက်နှာ​လေးကိုတယုတယကိုင်ကာ .....

"က​လေး ဘာဖြစ်လို့လဲ ၊ ခုဏကကိုကိုနမ်းလိုက်လို့လား ၊ ဒါမှမဟုတ်
ဗီဗီယမ်က က​လေးကိုဘာ​တွေ​ပြောသွားလို့လဲ ၊ ကိုကို့က​လေးကမညာ
တတ်ဘူး​နော် ဟုတ်တယ်မလား"

​က​လေးငယ်ရဲ့​ကျောပြင်​လေးကိုစမ်းကြည့်လိုက်​တော့လည်း က​လေးငယ်မှာ​ချွေး​တွေရွှဲနစ်​နေတာပဲ ။ က​လေးငယ်ရဲ့အ​ပေါ်ကုဒ်အင်္ကျီကိုချွတ်​ပေးလိုက်ပြီး လည်ပင်းကဖဲပြား​လေးကိုဖြုတ်ကာ ကြယ်သီးနှစ်လုံး​လောက်ဖြုတ်​ပေးလိုက်သည် ။

"မငိုပါနဲ့​တော့က​လေးရယ် ၊ ကိုကို့ကိုအနုနည်းနဲ့​သေ​အောင်သတ်​နေတာလားကွာ"

က​လေးငယ်ကဘာမှမ​ပြောဘဲ သူ့လည်ပင်းကိုသိုင်းဖက်ပြီး သူ့ပုခုံး​ပေါ်​ခေါင်း​လေးတင်ကာ တရှိုက်ရှိုက်နဲ့ငို​နေသည် ။ က​လေးကိုဘယ်စကားကများ အခု​လောက်ထိဝမ်းနည်း​သွား​စေတာလဲ ။ ဗီဗီယမ် က​လေးကိုဘာ​တွေများ​ပြောလိုက်တာလဲ ။ က​လေးငယ်အချိန်အ​တော်ကြာငိုပြီး ကိုကို့ရင်ဘတ်​ပေါ်မှာအိပ်​ပျော်သွားသည် ။ သျှင်း ကားမှန်ချလိုက်ပြီး .....

"သက်​အောင် သွားကြရ​အောင်"

"ဟုတ်ကဲ့MD"

က​လေးငယ်ကိုချီထားလျက်ပင် အိမ်ထဲဝင်လာလိုက်သည် ။ ကြီးကြီး​ဆွေကအိမ်တံခါးဝမှာအခြားဝန်ထမ်း​တွေနဲ့အတူတူရပ်​​စောင့်​နေ
သည် ။

"ကြီးကြီး​ဆွေ အိမ်မကြီးဘက်ကိုဘယ်သူမှမလာပါ​စေနဲ့"

"ဟုတ်ကဲ့ပါသခင်​လေး"

အိမ်ကြီးထဲမှာ သျှင်းနဲ့ရာရာနှစ်​ယောက်တည်းသာရှိ​တော့သည် ။ အိပ်
​ပျော်​နေသည့်က​လေးငယ်ကို ကုတင်​ပေါ်မှာအသာအယာချ​ပေးမည်လုပ်​တော့ က​လေးငယ်​လေးနိုးသွားသည် ။

အသက်ထက်ပို​သော(Completed)Where stories live. Discover now