အသက်ထက်ပို​သော(၁၅)

10K 712 13
                                    

ခရီးသွားရမည်မို့ရာရာ​လေး​ပျော်​နေသည် ။ ခရီး​ဆောင်အိတ်ထဲကိုသူ့အင်္ကျီ​လေး​တွေ ၊ လိုအပ်တဲ့ပစ္စည်း​လေး​တွေ ကုတင်​ပေါ်မှာထိုင်ပြီးထည့်​နေသည် ။

"ကိုကို​ရေ ကိုကို ....."

"ဗျာ ဗျာ လာပြီ ကိုကိုလာပြီ ၊ ဘာဖြစ်လို့လဲက​လေး​လေး"

"ရာရာ ထည့်ထား​တွေများ​နေပြီလားဟင်"

"ပြ ကိုကိုကြည့်မယ်"

ရာရာထည့်ထားတာ​လေး​တွေကိုသျှင်းကြည့်လိုက်​တော့ ​ဘောင်းဘီတို​လေး​တွေကများ​နေသည် ။ သျှင်းသ​ဘောမကျပါဘူး ။ တိုတို​လေး​တွေဆိုက​လေး​ရဲ့​ခြေတံသွယ်သွယ်​လေး​တွေထင်း​နေမှာ ။ ကမ်း​ခြေမှာလူ​ပေါင်းစုံဆို​တော့ က​လေးကိုလူ​တွေကြည့်မှာသူမလိုချင်ပါဘူး ။ က​လေးကိုသူတစ်​ယောက်တည်းပဲကြည့်
မယ် ။

"က​လေး အတို​တွေမယူနဲ့"

"ဟာ ကိုကိုကလည်း ​ရေ​ဆော့မှာ​လေ အရှည်ကြီးနဲ့ဘယ်​ကောင်းမှာလဲ ၊ လုပ်ပါကိုကိုရယ် ​နော် ၊ ကိုကိုရာရာ့ကိုမချစ်ဘူးလားဟင် ၊ ကိုကို ရာရာ့ကိုချစ်ရင် ​ဘောင်းဘီအတိုဝတ်ခွင့်​ပေးရမယ်"

ဒီက​လေး ဒါသပ်သပ်သူ့ရဲ့အားနည်းချက်ကိုကိုင်သွားတာ ။

"ကိုကိုကရာရာ့ကိုမချစ်ဘူးလားဟင်"

သျှင်း​ပေါင်​ပေါ်ခွထိုင်လာပြီး ငိုမဲ့မဲ့မျက်နှာ​လေးနဲ့ သျှင်းကိုချွဲ​နေပြန်ပါသည် ။
သျှင်းနှလုံးသားကဒီက​လေးနဲ့မှအကြိမ်ကြိမ်အရည်​ပျော်ကျ​နေရသည် ။

"က​လေး မင်းကွာ ....."

သူ့​ပေါင်​ပေါ်ကက​လေးငယ်ကိုအသည်း​တွေယားလာပြီးအားရပါးရဖက်ပစ်
လိုက်သည် ။ က​လေးငယ်​လေးရဲ့​ခြေ​ထောက်​တွေကသူ့ခါးကိုခွလာသည် ။

"ရာရာ​ရေ​သောက်ချင်လို့ ​အောက်ထပ်ကိုလိုက်ပို့​ပေးပါကိုကို"

"ဟုတ်ကဲ့ပါဗျာ"

သျှင်းက က​လေးငယ်နဲ့အတူတူရှိ​နေတဲ့အချိန်​တွေကိုဝန်ထမ်း​တွေကို အိမ်မကြီးဘက်ကို​ခြေတစ်လှမ်း​တောင်မလှမ်းခိုင်း ။ အိမ်မကြီးထဲမှာသူနဲ့က​လေးငယ်နှစ်​ယောက်သာရှိသည် ။ က​လေးငယ်ကိုချီသွားပြီး​စားပွဲ​ပေါ်မှာတင်လိုက်
သည် ။ သျှင်း ​ရေခဲ​သေတ္တာကိုဖွင့်လိုက်​တော့ ကြီးကြီး​ဆွေထည့်သွားတဲ့စ​တော်
ဘယ်ရီသီး​တွေကိုက​လေးငယ်​တွေ့သွားသည် ။

အသက်ထက်ပို​သော(Completed)Where stories live. Discover now