အသက်ထက်ပို​သော(၁၆)

9.6K 687 49
                                    

ရှပ်အင်္ကျီလိ​မ္မော်​ရောင်​လေးနဲ့ဂျင်း​ဘောင်းဘီအရှည်​လေးဝတ်ထားတဲ့ရာရာ​လေး​ကြောင့် သျှင်းခရီး​ဆောင်အိတ်ကြီးဆွဲပြီး​လှေကား​အောက်က​နေရပ်ကြည့်​နေသည် ။ သူ၏က​လေးကချစ်စရာ ။ ဆံပင်​လေး​တွေကနဖူး​ပေါ်မှာအုပ်အုပ်က​လေး ။ အင်္ကျီလက်ကလည်းရှည်​နေ​တော့လက်က​လေး​တွေမြုပ်​နေ​သေးတယ် ။ ကိုကိုတစ်​ယောက်တည်း​ငေးကြည့်​နေတာလား ။ မဟုတ်ပါဘူး မိုး​သောက်လည်းပါပါ​သေးတယ် ။ ဒီ​နေ့မှရာရာ​လေးကပိုပြီးချစ်စရာ​ကောင်း​နေသလိုလို ။

{ရာရာ မင်းကိုကိုယ်ပိုင်ဆိုင်ခွင့်မရှိ​တော့ဘူးလား ..... ကိုယ့်ထက်အရင်ပိုင်ဆိုင်
သွားတဲ့သူများရှိ​နေပြီလား ..... သျှင်းမြတ်နဲ့ရာရာနဲ့ကသူထင်​နေသလို​တော့မဟုတ်​လောက်ပါဘူး​နော်}

"ကိုကို ..... ဘာလို့အဲ့​လောက်ကြီးကြည့်​နေတာလဲဟင် ..... ရာရာတစ်ခုခုမှား ယွင်း​နေလို့လား ....."

"မ မဟုတ်ပါဘူး ..... က​လေးကအရမ်းချစ်ဖို့​ကောင်း​နေလို့ ..... ကိုကိုဖက်နမ်းလို့ရလား ....."

"ဟာ ကိုကိုကလည်း သူငယ်ချင်း​တွေနဲ့ ..... သွား ကိုကိုပဲကျန်​တော့တာ ....."

ဟုတ်ပါရဲ့ က​လေး​ပြောမှသူသတိရတယ် ။ သူဘာမှမပြင်ဆင်ရ​သေးဘူး ။ သူခရီး​ဆောင်အိတ်​တွေကိုကား​ပေါ်အရင်သွားတင်လိုက်တယ် ။ က​လေးကသူ့သူငယ်ချင်း​တွေနဲ့ထိုင်ပြီး စကား​တွေ​ပြောရင်းကျန်ခဲ့တယ် ။

မိုး​သောက် - ရာရာ ဟိုတစ်​နေ့ကကိုယ်​ပေးတဲ့ကိတ်မုန့်စား​ကောင်းလား .....

ရာရာ - ဟုတ်ကဲ့အစ်ကိုမိုး​သောက် ..... အရသာရှိပါတယ် .....

ရွှန်းလဲ့ - ရာရာ ငါသိချင်​သေးတယ် ..... နင် ကိုကြီးသျှင်းမြတ်နဲ့အဟိ အဟိ
အဲ့လိုလား .....

ဘရဏီက ရွှန်းလဲ့လက်ကိုဖြန်းခနဲရိုက်ချပစ်လိုက်တယ် ။ တကယ်အလိုက် ကမ်းဆိုးမသိတဲ့ဟာမ​လေး ။ မိုး​သောက်ကမျက်နှာပျက်သွားပြီ ။ ​စကားကိုရှေ့မကြည့်​နောက်မကြည့်အရမ်း​ပြောတာပဲ ။ ရွှန်းလဲ့ကလက်ဟန်​ခြေဟန်နဲ့ရာရာ့လည်ပင်းကိုညွှန်ပြ​နေတယ် ။ ရာရာ​လေးသတိရသွားပြီး အ​ပေါ်ထပ်ကို​ပြေး
တက်သွားတယ် ။ မှန်​ရှေ့မှာကြည့်လိုက်​တော့ ထင်ထားတဲ့အတိုင်း ကိုကိုညက​ပေးထားတဲ့အမှတ်အသားကထင်း​နေတာပဲ ။ ဒါ့​ကြောင့် ရွှန်းလဲ့ကရာရာ့ကိုအခုလို​မေးတာကိုး ။ ရာရာ ပလာစတာလိုက်ရှာ​နေစဥ် သျှင်း​ရေချိုးခန်းထဲကထွက်
လာတယ် ။

အသက်ထက်ပို​သော(Completed)Where stories live. Discover now