အသက်ထက်ပိုသော(၃၄)

6.9K 665 33
                                    

Unicode🍑

"ကိုကိုအဆင်ပြေရဲ့လားဟင်"

ကိုယ်ဝန်နဲ့ကရာရာလေးဆိုပေမဲ့ မအီမသာတွေဖြစ်ပြီးအော့အန်နေတာကသျှင်းဖြစ်နေသည် ။ ရာရာလေးကတော့ ပါးစပ်ထဲထည့်လို့ရတဲ့အရာမှန်သမျှစားလို့ရသည် ။ သျှင်းကတော့တစ်နေ့တစ်နေ့အန်တာနဲ့ပဲမောနေရပါတော့သည် ။ ဘာပဲဖြစ်ဖြစ် ရာရာလေးအစားအသောက်မပြတ်တာကပိုပြီးတော်ပါသေးသည် ။ သျှင်းကလူလွတ်မို့လို့အခုလိုဖြစ် လည်းကိစ္စမရှိ ။ ရာရာလေးသာဖြစ်ရင်သျှင်းအခုခံစားနေရတာတွေထက်အဆတစ်ရာပိုပြီးခံစားရမှာကျိန်းသေသည် ။

"ကိုယ်အဆင်ပြေပါတယ် အွတ် ....... ကြီးဆွေ ဒီငါးဟင်းကြီးကိုအခြားနေရာသွားထားပေးပါတော့ဗျာ ......"

"ကိုကိုဆေးရုံသွားပြမလားဟင် ....."

"ကိုကိုနားနေလိုက်ရင်အဆင်ပြေသွားမှာပါ ၊ ကလေးဆက်စားလိုက်တော့နော် ကိုကိုအပေါ်တက်တော့မယ်"

"ဟုတ် ရာရာဘာလုပ်ပေးရမလဲဟင်"

"ကလေးဘာမှမလုပ်ရပါဘူး ၊ ကြီးဆွေ ကျွန်တော့်ကိုအသီးတစ်ခုခုရှိရင်ခွဲပေးပါဗျာ ....."

"အေးအေး ကြီးဆွေလုပ်ပေးမယ် ......"

ကြီးဆွေအသီးခွဲနေတုန်း ရာရာလေးကကြီးဆွေအနားကိုရောက်လာသည် ။

"ကြီးဆွေ အဲ့ပန်းသီးရာရာစားချင်တယ် ......"

"ဟယ် ကလေးငယ် ခုဏလေးတင်ထမင်းတွေစားထားတာလေ စားနိုင်သေးလို့လား ......"

"သားစားတာမဟုတ်ပါဘူး ၊ ဘေဘီလေးကစားချင်တယ်ဆိုလို့ကျွေးမလို့ပါ ....."

"ဟုတ်ပါပြီရှင် ကြီးဆွေခွဲပေးမယ်နော် ......"

"အာ အာ မခွဲနဲ့ သားကအလုံးလိုက်ကိုက်စားမှာ ၊ ကိုကို့အတွက်ပဲခွဲပေးနော် ......"

"အေးပါ အေးပါ ....."

ကြီးဆွေခွဲပေးလိုက်တဲ့အသီးပန်းကန်ရယ် ပန်းသီးတစ်လုံးရယ် လက်ထဲကိုင်ပြီးအပေါ်ထပ်ကိုတက်လာသည် ။ သျှင်းက‌ ရေချိုးခန်းထဲကထွက်လာတာနဲ့တိုးသည် ။

"ဟင် ကိုကိုအန်ပြန်ပြီလား ....."

"မဟုတ်ပါဘူး ၊ ကိုယ်မျက်နှာဝင်သစ်တာပါကလေးရဲ့ ......"

အသက်ထက်ပို​သော(Completed)Where stories live. Discover now