အသက်ထက်ပို​သော(၂)

16.5K 1.1K 31
                                    

သျှင်းမြတ် ရာရာ့ကို​ဆေးတိုက်ဖို့လုပ်သည့်အခါ က​လေးငယ်က မ​သောက်ဘဲ တင်းခံ​နေ​လေသည်။ သူ့ပါးစပ်က​လေးကို လက်နှစ်ဖက်ဖြင့်အတင်းပိတ်ပြီး ​ခေါင်းကို တွင်တွင်ခါသည်။ သူစိမ်းတစ်​ယောက်ကတိုက်သည့်​ဆေးကို ရာရာမ​သောက်ရဲပါ။ အကယ်၍ အိပ်​ဆေးဖြစ်​နေရင် သူအိပ်​ပျော်သွားတဲ့အခါ အတွင်းကလီစာ​တွေဖြုတ်​ရောင်းလိုက်နိုင်သည်ဟု​တွေးပြီး အတင်းငြင်း​နေမိသည်။

"ရာရာ ​နေမ​ကောင်းတာ​ဆေး​သောက်မှ​ပျောက်မှာ​လေ ... ​ဆေး​သောက်ရမှာ​ကြောက်​နေတာလား နဂိုက​ဆေး​ကြောက်တတ်လို့လား"

"ဒီကကိုကိုနဲ့ရာရာမှမသိတာ ဆေး​တွေက​သေ​ဆေး​တွေဆိုရာရာ​​သေသွားမှာ​ပေါ့"

သူ့ကို မဟုတ်တာတစ်ခုခုကြံစည်မှာကိုစိုးရိမ်​နေသည့်ရာရာ​လေး​ကြောင့်သျှင်းရယ်မိသည်။ သျှင်းရယ်​လိုက်မိတော့ ရာရာကမျက်မှောင်ကြုတ်ပြီး မကြည်သလို​လေးကြည့်လာသည်။ ရာရာ၏ မ​ကျေမနပ်ဖြစ်​နေသည့်ပုံစံ​လေးက သျှင်း၏အမြင်မှာ​တော့ ချစ်စရာ​ကောင်း​နေပြန်ပါသည်။

"ကိုကို့နာမည်က သျှင်းမြတ် ... မ​နေ့ညက က​လေးလမ်းမ​ပေါ်မှာလဲကျ​နေတာ​တွေ့လို့အိမ်ကို​ခေါ်လာ​ပေးတာ ... ဒီကကိုကိုက က​လေးကိုဘာမှလုပ်မှာမဟုတ်ဘူး ... ကိုကိုတစ်ခုခုလုပ်ချင်ရင် ရာရာအိပ်​ပျော်​နေတဲ့အချိန်မှာလုပ်ပြီးသွား​ရော​ပေါ့ ​သေချာစဥ်းစားကြည့်ပါဦး ... အမှန်ဆိုကိုကိုက က​လေးရဲ့ကယ်တင်ရှင်​လေ​နော်"

ရာရာ​လေးကသိပ်​တော့မလွယ်လှပါ။ အစအဆုံးကို​သေချာ​လေးရှင်းပြ​ပေးတာ​တောင် ဟုတ်ရဲ့လားဆိုသည့်အကြည့်မျိုးနဲ့ကြည့်​နေ​သေးသည်။ သျှင်းလည်း ရာရာစိတ်​အေးသွားနိုင်​အောင် စားပွဲ​ပေါ်မှာတင်ထားသည့်ပိုက်ဆံအိတ်ကိုလှမ်းယူလိုက်ပြီး မှတ်ပုံတင်နဲ့လုပ်ငန်းကတ်ကို ထုတ်ပြလိုက်သည်။ ကတ်နှစ်ကတ်ကို​သေချာကြည့်ပြီး ရာရာ​လေးကစကား​ပြောလာသည်။

"ကတ်ဆိုတာက အတုလုပ်လို့လွယ်တယ်​လေ .. အတုကြီးဖြစ်​နေရင်ဘယ်လိုလုပ်မလဲ"

သူ့လို စီးပွား​ရေးလုပ်ငန်းမှာ ​နေရာတစ်ခုရ​နေပြီးသားလူတစ်​ယောက်က အသက်၁၈နှစ်​ကောင်​လေးနဲ့မှ မှတ်ပုံတင်ကို​တောင်အတုလုပ်ထားသည့်လူဖြစ်​နေရ​​တော့သည်။ အခု သျှင်း၏အဖြစ်က ငိုရမလို ရယ်ရမလိုဖြစ်​နေသည်။

အသက်ထက်ပို​သော(Completed)Where stories live. Discover now