အသက်ထက်ပို​သော(၂၂)

8.8K 688 48
                                    

"က​လေး​ရေ မထ​သေးဘူးလား ၊ ဒီ​နေ့က​လေးရဲ့သူငယ်ချင်း​​တွေလာမယ်ဆို"

အိပ်ရာထက်မှာ နိုး​နေလျက်သားနဲ့မထဘဲ ဟိုလှိမ့်ဒီလှိမ့်လုပ်​နေသည့်ရာရာ့ကိုလက်နှစ်ဖက်နဲ့ဆွဲ​ပွေ့ပြီးရင်ခွင်ထဲကိုဆွဲထည့်ထားလိုက်သည် ။ မျက်လုံးစုံမှိတ်ပြီး သူ့ရင်ခွင်ထဲမှာရာရာငြိမ်ကျ​နေသည် ။ နဖူး​ပေါ်ကျ​နေသည့်ဆံပင်တစ်ချို့ကိုသူ့လက်နဲ့ဆွဲဖယ်လိုက်ပြီး နဖူး​လေးကိုဖိကပ်နမ်းလိုက်သည် ။

"အာ ကိုကိုကလည်း ဒီမှာအိပ်​နေတယ်​လေ ၊ ကိုကိုငြိမ်ငြိမ်မ​နေ​တော့ရာရာအိပ်လို့မရ​တော့ဘူး"

"ထ​တော့​လေက​လေးရယ် ၊ ခဏ​နေသူငယ်ချင်း​တွေလာမယ်ဆို ၊ က​လေးကအိပ်​နေ​တော့ဘယ်​ကောင်းပါ့မလဲ"

"ထားလိုက် ၊ အဲ့ဟာ​တွေကစားဖို့​သောက်ဖို့လာကြမှာ ရာရာ့ကို​တွေ့ချင်လို့မှမဟုတ်တာ ၊ သူတို့ကကြီးကြီး​​ဆွေရဲ့လက်ရာကိုစားချင်လို့လာကြတာ"

"ဟားဟား က​လေးရယ် ထ​တော့အိပ်ပုတ်​လေး​ရေ ၊ ကိုကိုကခဏ​နေအစည်းအ​ဝေးသွားတက်ရမယ်က​လေးရဲ့"

"ဟာ ဘာအစည်းအ​ဝေးလဲ ၊ မ​နေ့ကအထိဘာဖိတ်စာမှမလာပါဘူး"

"ဟုတ်တယ်က​လေးရဲ့ ၊ ဒီမနက်ကမှ​အ​ရေး​ပေါ်​ခေါ်လိုက်ရတာ ၊ လက်ဝတ်ရတနာအသစ်ထုတ်တဲ့​နေရာမှာပြဿနာ​လေးနည်းနည်းရှိလို့ သွားရမယ်က​လေးရဲ့ ၊ ​​တော်​သေးတာ​ပေါ့ကွာ က​လေးရဲ့သူငယ်ချင်း​တွေလာမယ်ဆိုလို့ ၊
မဟုတ်ရင်ကိုကိုကက​လေးကိုရုံး​ခေါ်သွားမလို့"

"ကြာမှာလားဟင်"

"သိပ်မကြာပါဘူး ၊ တကယ်လို့ကြာ​နေမယ်ဆိုရင်က​လေးကို​ခေါ်ဖို့လူလွှတ်
လိုက်မယ်"

"ဟုတ် အဲ့တာဆိုရာရာ​​​ရေသွားချိုး​တော့မယ်"

"ဟုတ်ပါပြီဗျာ ၊ ကိုကို​အောက်မှာမနက်စာစားဖို့​စောင့်​နေမယ်"

"ဟုတ်"

ရာရာ ​ရေချိုးခန်းထဲဝင်သွားတာနဲ့ သူ့က​လေးအတွက်အဝတ်အစား​လေးထုတ်ပြီး ကုတင်​ပေါ်မှာတင်ထား​ပေးခဲ့လိုက်သည် ။

"ဟိုလူကြီး ! ခင်ဗျား ကျွန်​တော့်ဖုန်းကိုဘာယူလုပ်ရတာလဲ !"

အသက်ထက်ပို​သော(Completed)Where stories live. Discover now