အသက်ထက်ပို​သော(၁)

46K 1.6K 71
                                    

သျှင်းမြတ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သျှင်းမြတ်

သျှင်းမြတ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မင်း​စေရာ

ဒီဇာတ်လမ်းနဲ့လိုက်ဖက်မယ့်ဇာတ်​ဆောင်​တွေကိုဝင့်လွှာအနီးစပ်ဆုံးတူတာ​လေး​တွေ​ရွေးချယ်ထားပါတယ် ။ ဒီလူ​တွေလို့ကွက်တိကျတယ်ရယ်လို့​တော့မဟုတ်ပါဘူး ။ ဝင့်လွှာစိတ်ကူးထဲကဇာတ်​​ကောင်​လေး​တွေနဲ့အနီးစပ်တူတာ​လေး​တွေကို​ရွေးထုတ်ထားတာပါ ။

×       ×      ×

"မင်း​စေရာ! နင်မပြီး​သေးဘူးလား .. ငါဗိုက်ဆာလှပြီ"

အသက်၁၈နှစ်​ကျော်ခါစသာရှိ​သေး​သော မင်း​စေရာ(ရာရာ)သည် ​ရွှေဇွန်းကိုက်ပြီး​မွေးဖွားလာသည့်က​လေးငယ်တစ်ဦးဖြစ်သည်။ သို့​သော် ကံကြမ္မာကထိုက​လေးငယ်အားတစ်သက်လုံး​ရွှေဇွန်းမ​ပေးထားပါ။ အ​ဒေါ်ဖြစ်သူ ​ဒေါ်ယမင်းဖြူ၏ဆိုးသွမ်းမှုများ​ကြောင့် ရာရာ့၏မိဘနှစ်ပါးကိုလက်လွှတ်ဆုံးရှုံးလိုက်ရရုံသာမက စည်းစိမ်ဥစ္စာများကိုလည်းဆုံးရှုံးလိုက်ရပြီး ယခုအိမ်​သေး​သေး​လေးတစ်အိမ်သာကျန်ရှိ​တော့သည်။ အ​ဒေါ်ဖြစ်သူ​ကြောင့် အ​ကြွေးများကလည်းဝိုင်းဝိုင်းလည်​နေပြန်သည်။ ဒေါ်ယမင်းဖြူကဖဲရိုက်သည်။ အကြွေးတင်သည်။ ဒီဒဏ်​တွေ​ကြောင့် မင်း​စေရာ၏ဖေ​ဖေနဲ့​မေ​မေခံသင့်သ​လောက်ခံခဲ့ကြရပြီး လူ့​လောကမှထွက်ခွာသွားကြသည်။အခု ကျန်ရှိ​နေသည့် သားရတနာ​လေးကလည်း တူတစ်​​ယောက်အ​နေဖြင့်မဟုတ်ဘဲ ​ဒေါ်ယမင်းဖြူ၏အခိုင်းအ​စေတစ်​ယောက်သာသာဖြစ်​နေ​တော့သည်။

အသက်ထက်ပို​သော(Completed)Where stories live. Discover now