အသက်ထက်ပိုသော(၃၅)

6.7K 608 30
                                    

Unicode🍑

ခွန်း မိုးသောက်ကိုစိတ်ဆိုးပြီးထွက်လာခဲ့လိုက်တာအခုတော့ သူငယ်ချင်းနဲ့ချိန်းထားတဲ့ဆိုင်ရှေ့ကိုရောက်လာသည် ။

"အကျက့်ပုတ်ကြီး ဂွစာကြီး လူကိုနည်းနည်းလေးတောင်စိတ်မပူတဲ့ဟာကြီး အပြင်ထွက်လို့ဟိုတစ်ခေါက်ကလို ဖြစ်မှာတွေဘာတွေမစိုးရိမ်ဘူးလားမသိဘူး ၊ အားးးး ဒေါသထွက်တယ်"

ဆိုင်ထဲကိုဝင်လာလိုက်သည့်အခါ စုချစ်ဖြိုးကအရင်ရောက်နေသည် ။ သူငယ်ချင်းကိုသူအားနာသွားသည် ။ အဲ့တာ ဟိုလူ့ဂွစာကြီးကြောင့်နောက်ကျရတာ ။

"အားနာလိုက်တာစုချစ်ရယ် ငါနောက်ကျသွားတယ်"

"ရပါတယ် ကိစ္စမရှိပါဘူး ၊ ငါလည်းအခုမှရောက်တာပါ ၊ နင်ဒီသင်တန်းကိုတက်မှာကျိန်းသေတယ်နော်"

"အေး တကယ်ပါဟ ၊ ‌ဒီနေ့စမှာမလား"

"အေး ဒါဆိုငါတို့သွားကြမယ်လေ ...."

ဆိုင်အပြင်ကကုပ်ချောင်းချောင်းနဲ့လူကြီးတစ်ယောက်ကဘယ်သူများဖြစ်ပါလိမ့်မလဲ ။ ဦးထုပ်အနက် ၊ နေကာ
မျက်မှန်အနက်နဲ့Maskကလည်းတပ်ထားပါသေးသည် ။ သူများမြင်ရင် ဘဏ်ဓားပြတိုက်မယ့်ပုံစံနဲ့ကွက်တိပဲ ။
ဘယ်သူများပါလိမ့် ။ ခွန်း အနောက်ကနေခိုးကြောင်ခိုးဝှက်နဲ့လိုက်နေသည် ။ ခွန်းကလှည့်ကြည့်ရင်ဟိုလိုလို ဒီလိုလိုနဲ့ကျန်ခဲ့ပြန်သည် ။

"မဟုတ်လောက်ပါဘူး ၊ ဒီတစ်ခါတော့အရင်ကလိုအဖြစ်မခံနိုင်ဘူး ၊ တွေ့တာနဲ့ကောက်ဆော်ပစ်မှာပဲ"

ခွန်းတို့ကားအနောက်ကိုတောက်လျောက်လိုက်လာပြီး ခွန်းတို့ကားရပ်တဲ့နေရာနဲ့သိပ်မလှမ်းမကမ်းမှာကားရပ်ပြီး ခွန်း တို့ကိုကားထဲကနေလှမ်းကြည့်နေသည် ။

"ဟဲ့ ဘာဖြစ်လို့လဲ ၊ လာလေ ........."

ခွန်း လှည့်ကြည့်လှည့်ကြည့်နဲ့ စုချစ်နောက်ကလိုက်သွားပြီး တိုက်ခန်းတစ်ခုထဲကိုဝင်သွားသည် ။

"စုချစ် နင်တက်နှင့်လိုက် ငါလိုက်လာခဲ့မယ် ၊ အရေးတကြီးဖုန်းပြောစရာ‌လေးပေါ်လာလို့ ......"

"ဪ အေးအေး ....."

စုချစ်ကိုအရင်လွှတ်လိုက်ပြီး အနောက်ကလိုက်လာသည့် အမဲကောင်ကြီးကိုသူလှေကားထောင့်မှာစောင့်နေလိုက်သည် ။ လက်ထဲမှာထီးကိုတင်းတင်းဆုပ်ကိုင်ထားလျက် .......။

အသက်ထက်ပို​သော(Completed)Where stories live. Discover now