အသက်ထက်ပိုသော(၄၂)

6.1K 599 23
                                    

Unicode 🍑

ဆေးရုံမှာနှစ်ရက်နေပြီးဆင်းလာရသည့်ရာရာလေး ။ သမီးလေးကိုလက်ထဲမှာပွေ့ချီထားပြီးမျက်နှာလေးကပြုံးနေတာပါပဲ ။ သျှင်းမြတ်ရဲ့မျက်နှာကလည်းပုရွက်ဆိတ်တက်တော့မည် ။ ပုရွက်ဆိတ်တွေတောင်တက်ပြီးရင်ဆီးချိုရောဂါရသွားနိုင်သည် ။

"ကိုကိုချီထားပေးမယ် ၊ ကလေးအရင်ကားပေါ်တက်လိုက်"

"အွန်း"

ရာရာလေးကားပေါ်တက်ထိုင်လိုက်ပြီး သျှင်းကသမီးလေးကိုရာရာလေးလက်ထဲထည့်ပေးလိုက်သည် ။ သမီးလေးကတော့နှစ်နှစ်ခြိုက်ခြိုက်ကလေးအိပ်ပျော်နေသည် ။ မေမေနဲ့သျှင်းကပစ္စည်းတွေကားနောက်ခန်းထဲထည့်ပြီးအိမ်သို့ပြန်လာကြသည် ။ အိမ်ရောက်သည့်အခါမှာတော့ ........

"Welcome Home !!!!"

မိုးသောက်တို့တစ်သိုက်ကလက်ခုပ်တွေတီးပြီးကြိုဆိုကြတော့ ရာရာ့လက်ထဲကသမီးလေးကလန့်သွားတယ်ထင်ပါရဲ့ ထငိုပါလေတော့သည် ။ သျှင်းကမိုးသောက်ခေါင်းကိုရိုက်လိုက်သည် ။

"ငါ့သမီးလန့်သွားပြီ"

"ဆောတီးပါကွာ ငါလည်းမေ့ပြီးလုပ်လိုက်တာ"

"ရင်ဘတ်ကလေးကိုအသာလေးဖိပြီးချော့ရတယ် ၊ ရလား မေမေလုပ်ပေးရမလား"

"ရတယ်မေမေ ၊ ရာရာလုပ်နိုင်တယ်"

မိဘတစ်ယောက်ဖြစ်လာတော့ သမီးလေးအတွက်သူကိုယ်တိုင်လုပ်ပေးချင်လာတာမျိုး ။ မေမေပြောသလိုရင်ဘတ်ပေါ်လက်ကလေးနဲ့ဖိကာချီလျက်ချော့တော့အငိုတိတ်သွားသည် ။

"လာ ကလေး အခန်းထဲမှာနားနေလိုက်"

"အွန်း"

သမီးလေးကိုချီပြီးအပေါ်ထပ်ကိုတက်သွားကြသည် ။ သူငယ်ချင်းတစ်သိုက်ကတော့အိန်ဂျယ်လေးကိုကြည့်ချင်လွန်းလို့အနောက်ကနေတိတ်တိတ်လေးလိုက်လာကြသည် ။
ရာရာကသမီးလေးကိုချီထားလျက် ကုတင်ခြေရင်းဘက်မှာထိုင်လိုက်သည် ။ အခန်းထဲမှာကလေးပုခတ်ကလေးရယ် သမီးလေးအတွက်လိုအပ်တဲ့ပစ္စည်းတွေထားတဲ့ဗီရိုလေးပိုလာသည် ။

"ကလေး ချီထားရတာကြာပြီလေ ၊ သမီးကိုပုခတ်ထဲထည့်ထားလိုက်ပါဦးလား"

အသက်ထက်ပို​သော(Completed)Where stories live. Discover now