အသက်ထက်ပိုသော(၄၇)

Start from the beginning
                                    

"သားကအဲ့လိုသဘောမျိုးမဟုတ်ပါဘူးမေမေ ၊ သားပြောရင်မေမေတို့သဘောမတူမှာ ဆူမှာကိုကြောက်ပြီး သားတစ်ယောက်တည်းစီစဉ်ခဲ့တာပါ ၊ ပြီးတော့ အစ်ကိုနဲ့မေမေတို့အတွက်သားကမျိုးဆက်ကလေးမွေးပေးချင်လို့ပါ ၊ မေမေပြောသလိုမေမေ့ကိုအမေလို့သဘောမထားလို့မဟုတ်ပါဘူးမေမေရယ် ၊ သားလုပ်ရပ်ကမေမေ့ကိုအဲ့လိုထင်စေခဲ့ရင်သားမှားပါတယ် ၊ သားတောင်းပန်ပါတယ်နော် ၊ မေမေသားကိုမမုန်းပါနဲ့နော်"

"ခွန်း နင်ဟာလေ ....."

"အမေ ကျွန်တော်ခွန်းအပေါ်မှာလစ်ဟာသွားတဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ် ၊ အခုခွန်းကမပေါ့မပါးကြီးနဲ့မို့လို့ကျွန်တော့်ကိုပဲဒေါသထွက်ပါနော်"

"မိုးသောက် နင်လည်းအတူတူပဲ ငါ့ကိုဘာတစ်ခွန်းမှမပြောကြဘူး ၊ ငါတကယ်ဝမ်းနည်းတယ် ၊ ဆေးရုံတောင်တင်လိုက်ရတယ်ဆို ၊ သွေးတွေလည်းဆင်းတယ်တဲ့ ၊ နင်တို့နှစ်ယောက်ကလေ တကယ်ပဲ အမေကိုစိတ်မကောင်းဖြစ်အောင်အမြဲလုပ်တယ်"

"သားတို့တောင်းပန်ပါတယ်မေမေနဲ့ဖေဖေ"

"အခုရောနေလို့ကောင်းရဲ့လား ၊ ကိုယ်ဝန်ဆောင်ရတာလွယ်တာမဟုတ်ဘူး ၊ အောက်ကအေးတယ် ၊ အပေါ်မှာထိုင် ၊ မေမေ့သားလေးမျက်နှာလေးချောင်ကျသွားသလိုပဲ"

"သားအားပြန်ပြည့်နေပါပြီမေမေရဲ့ ၊ အစ်ကိုကသားစားချင်တာတွေအကုန်ဝယ်ကျွေးတယ် လုပ်ကျွေးတယ် ၊ ရုပ်ရှင်လည်းလိုက်ပြတယ်"

"အခုရောစားချင်တာရှိလား ၊ ပျို့အန်တာရောဖြစ်လား ၊ ကိုယ်ဝန်ကဘယ်လောက်ရှိပြီလဲ"

"အခုမှနှစ်ပတ်ကျော်ကျော်ပဲရှိသေးတယ် ၊ သားစာမေးပွဲကိုအားစိုက်လိုက်လို့ဖြစ်သွားတာပါ ၊ စိတ်မပူပါနဲ့အစ်ကိုကသားကိုအရမ်းဂရုစိုက်တယ်"

"မိုးသောက် နင်အစအဆုံးတာဝန်ယူရမှာနော် ၊ ငါ့သားလေးကိုပစ်ရဲပစ်ထားကြည့်ငါကိုယ်တိုင်နင့်ကိုသတ်မယ်"

"ဟုတ်ကဲ့ပါအမေ ၊ အမေစိတ်ပူနေရတာမျိုးတွေမရှိအောင်ကျွန်‌တော်ဂရုစိုက်မှာပါ"

"အဖေတို့ကိုမင်းတို့ကဘာမှမတိုင်ပင်လို့အဖေတို့ကစိတ်မကောင်းဖြစ်မိတာပါ ၊ မင်းတို့ကိုခွဲမလို့လည်းမဟုတ်ပါဘူး ၊ မိဘတွေကိုမတိုင်ပင်တော့ဝမ်းနည်းတာပေါ့ ၊ မင်းတို့လည်းအခုမိဘနေရာရောက်လာကြတော့မှာပဲ သိလာကြမှာပါ ၊ မင်တို့အမေဆိုစိတ်မကောင်းဖြစ်ပြီးတစ်ညလုံးငိုနေတာ"

အသက်ထက်ပို​သော(Completed)Where stories live. Discover now