Part 21 (Unicode)

Start from the beginning
                                        

Interviewer - " အသန့်လေးက ကိုရီးယားမှာ ကျောင်းတက်ခဲ့တာနော်... "

သန့် - " ဟုတ်ပါတယ်... "

Interviewer - " ဘာလို့ ကိုရီးယားကို ရွေးခဲ့တာလဲ... "

သန့် - " အသန့်လေးက အစကတည်းက ကိုရီးယားရယ်၊ ထိုင်းရယ်၊ အင်ဒိုနီးရှားရယ်၊ စင်္ကာပူရယ်ကို ဘယ်သွားရမလဲ စဉ်းစားနေခဲ့တာ... ဘာလို့ ဒီနိုင်ငံတွေကို ရွေးလဲဆိုတော့ Asia Country တွေ ဖြစ်တဲ့အတွက် ယဉ်ကျေးမှုတွေက အထွေအထူးမကွာခြားတာရယ်၊ အသန့်လေး လေ့လာမယ့် ဘာသာရပ်ကလည်း Arts and Culture ဖြစ်နေတာကြောင့်ပါ... ဒါပေမယ့် တခြားထက် အသန့်လေးက ကိုရီးယားဘာသာစကားကို လေ့လာထားဖူးတာကြောင့်ပါ ... အဲ့တော့ ကိုယ့်အတွက် အဆင်အပြေဆုံး ဖြစ်မယ် ထင်လို့ပါ... "

Interviewer - " ဟုတ်ကဲ့ပါ... နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ အသန့်လေးရဲ့ အချစ်ရေးပါ... "

သန့် - " အာ... မေးခွန်းသတ်ပြီ...အင်း... အချစ်ရေးက တစ်ယောက်တည်းဖြစ်နေတာ ခုနှစ်နှစ်လောက် ရှိပါပြီ... အချစ်ဦးနဲ့ အကြောင်းမတိုက်ဆိုင်လို့ ဝေးသွားခဲ့တယ်... သူ့နေရာမှာ နောက်တစ်ယောက် အစားမထိုးချင်တော့လို့ပဲ ဆိုရမလား၊ ကိုယ်တိုင်ကပဲ ထားချင်စိတ် ကုန်သွားတာလားတော့ အသန့်လေးလည်း ကိုယ့်ကိုယ်ကိုယ် သေချာ မသုံးသပ်တတ်ဘူး... ဘယ်လိုဖြစ်ဖြစ် ထပ်မထားဖြစ်ဖို့များပါတယ်... "

Interviewer - " ဒါဆို မေးခွန်းလေး နည်းနည်းလောက် ထပ်သတ်ပါရစေ... အကယ်၍ အချစ်ဦးက ပြန်လာခဲ့ရင်ရော... "

သန့် - " ဒါကတော့ သူ့ကိုပဲ ပြန်လာမှာလားလို့ သွားမေးလိုက်ကြပါ... အင်း... သူ့ Action ပေါ်မှာ မူတည်တယ်လို့ ပြောရမယ် ထင်တယ်... လမ်းခွဲတုန်းကလည်း မချစ်တော့လို့ မဟုတ်ဘဲ ရေရှည်အဆင်မပြေမှာကို ကြောက်နေခဲ့မိလို့ပေါ့လေ... သူကတော့ ပြောတယ်... အသန့်လေး ဘဝအတွက် သူက လက်လွှတ်ပေးခဲ့တာပါပေါ့လေ... ဘယ်လိုဖြစ်ဖြစ်ပါ... ဒါတွေက အတိတ်ဖြစ်သွားခဲ့ပြီလေ... ခြောက်နှစ်ကျော် ခုနှစ်နှစ်လောက် ရှိပြီဆိုတော့ သူလည်း အိမ်ထောင်ကျနေလောက်ပြီ ထင်ပါတယ်... ဒါပေမယ့် လုံးဝ သေချာတာ တစ်ခုကတော့ အသန့်လေး Single ဖြစ်နေခြင်းသည် သူ့ကိုစောင့်နေလို့၊ ချစ်နေသေးလို့ ဆိုတာမျိုး မဟုတ်ပါဘူး ... သူ့ကြောင့် ရခဲ့တဲ့ ဒဏ်ရာကို တခြားတစ်ယောက်နဲ့ မကုသချင်တာကြောင့်လို့ ပြောရင်တော့ မှန်လိမ့်မယ် ထင်ပါတယ်... "

Interviewer - " ဟုတ်ကဲ့ပါ ... အခုလို မအားတဲ့ကြားက အချိန်ပေး ဖြေကြားပေးတဲ့ အသန့်လေးကို ကျေးဇူး အများကြီး တင်ပါတယ်... "

သန့် - " ဟုတ်ကဲ့ရှင့် အသန့်လေးကလည်း ကျေးဇူးတင်ပါတယ်... မေးခွန်းသတ်တာလေးက လွဲရင်ပေါ့... "

..............................

သန့်၏ ဖြေကြားမှုကို နားထောင်ကာ
ကျွန်မ ပြုံးလျက် သက်ပြင်းချလိုက်မိပေသည်။

ကျွန်မက သန့်ထံ ပြန်သွားခဲ့လျှင်တောင်
လက်ခံပါ့မလား...

ထို့အပြင် မအောင်မြင်မီကာလက လက်မတွဲရဲခဲ့ဘဲ နောက်ဆုတ်ပေးခဲ့ကာ ယခုကျမှ ပြန်ပေါ်လာမည်ဆိုလျှင် သန့်၏ ပတ်ဝန်းကျင်က ကျွန်မကို မည်သို့ မြင်မည်နည်း။

ထိုကဲ့သို့တော့ ကျွန်မ အဖြစ်မခံနိုင်ပါ...

ယခုလည်း အစစအရာရာ
အဆင်ပြေနေသည်ပဲလေ...

တွေ့ချင်သည့် အချိန်တိုင်း
ဖုန်း Screen ပေါ်တွင် မြင်တွေ့နေရသည်ပဲ...

ကျွန်မ ဘာမှ ထပ်မလိုချင်တော့ပါ...

..........................................

The Rope (Own Creation)Where stories live. Discover now