ရွှေရည် - " ဟုတ်တယ် မရဲ့... ဒီနေ့မှ 2027 အစရှိသေးတယ် ... June က စပြီး နားမယ့်သတင်း ထွက်နေရင် သို့လော၊ သို့လောတွေ ဖြစ်လာနိုင်တယ်... ပြီးတော့ မလည်း ထပ်စဉ်းစားဖို့ အချိန်ရအောင်... "
သန့် - " ဟယ်... ငါ့ညီမလေးက ငါ့အတွက် တအားစဉ်းစားပေးတာပဲ... "
ရွှေရည် - " မသန့်က သမီး Game ကောင်းကောင်း Stream နိုင်အောင် တမင် Schedule တွေ လျှော့ပေးမှန််း သိနေတဲ့ဟာ..."
သန့် - " ရွှေရည်လေး လူကြီးဖြစ်လာပြီပဲ... မက ကျန်းမာရေးကြောင့်လည်း ပါမှန်း သိနေတဲ့ဟာပဲ... အပင်ပန်းမခံချင်တော့ဘူး... အေးဆေး Blog လေးလုပ်လိုက်၊ စာအုပ်လေး ထုတ်လိုက်နဲ့ပဲ ရှင် Game Stream တာကို Support လုပ်ပေးတော့မယ်... တော်ပြီ... အကကို စွန့်လွှတ်တော့မယ်... "
ရွှေရည် - " ပြီးမှ နောင်တ မရနဲ့နော်... "
သန့် - " မက ဘယ်တုန်းက နောင်တရဖူးသလဲ... ပြော... "
ရွှေရည် - " အံမယ်... ဒေါ်သန္တာရောင်နဲ့တုန်းက ပြတ်ပြီးမှ နောင်တရခဲ့တယ်လေ... "
သန့် - " တိတ်စမ်း... ရှင်နော်... နိုင်ငံရေးတွေ မပါနဲ့ ... "
သန့်က ပြုံးစစဖြင့် ပြောလိုက်ရာ ရွှေရည်က ရယ်လေ၏။
ရွှေရည် - " ဟား... အနာထိတော့ စပ်တယ် ကြည့်စမ်း... "
သန့် - " ခြောက်နှစ်တောင်ကျော်ပြီအေ... မမှတ်မိတော့ပါဘူး... "
ရွှေရည် - " မသန့် သူနဲ့အတူ ဘားအံကို လာတုန်းက ကုန်တိုက်မှာ သမီးကို ပြောခဲ့တာ မှတ်မိလား..."
သန့် - " ဟင်... ဘာပြောမိလို့တုန်း... "
ရွှေရည် - " တကယ်သာ ချစ်မိတာသေချာရင် ပထမဆုံး တို့ဘက်ကနေ စလိုက်မယ့်သူပဲ ဆိုတာလေ... "
သန့် - " ဒါပေမယ့် တို့ကို သူဖွင့်ပြောတာလေ... "
ရွှေရည် - " မသန့်က ရေလာမြောင်းပေး မလုပ်လို့လား ... ဘာပဲ ဖြစ်ဖြစ် မက သူ့ကို ဘယ်လောက်ချစ်လဲ ဆိုတာ ဘေးလူအနေနဲ့ အကုန်မြင်ရတယ်... "
သန့် - " ရေစက်တင်ပါလို့ မပြီးသလို ချစ်နေရုံနဲ့တင် မပြည့်စုံဘူး နန်းရွှေရည်ရဲ့... ဖူးစာပါမှ ဇာတ်သိမ်းလှတာ... သူနဲ့မနဲ့က ဖူးစာမှ မပါတာ... မက တကယ်ရယ်ရတယ်နော်... ဝဋ်ကြွေးပါလို့ ဆုံခဲ့ရတာကို ဖူးစာထင်ပြီး ကြည်နူးနေခဲ့မိတယ်... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 21 (Unicode)
Start from the beginning
