ဖြူ - " ဆရာမကလည်း ဆရာမလည်း မမသန့်ကို ကြိုက်တယ် မဟုတ်လား... သမီး သူ့အကြောင်းပြောတိုင်း ပြုံးပြီး နားထောင်နေတဲ့ဟာ... "

ကျွန်မ - " ငယ်ငယ်ရွယ်ရွယ်နဲ့ ကြိုးစားတာကို အသိအမှတ် ပြုရုံပါပဲ... "

ဆရာမက ဆယ်နှစ်လုံး ရင်နှင့်အမျှ ချစ်ခဲ့ရတာလို့ ဖြူစင့်ကို ပြန်ပြောလိုက်ချင်ပေမယ့် ထိုစကားလုံးတို့ကို မျိုချထားလိုက်မိသည်။

ကျွန်မတို့အကြောင်းကို ဖြူစင် သိသွားလို့လည်း
သန့်က ဘေးနား ပြန်ရောက်လာမှာမှ မဟုတ်တာ...

ဖြူစင် သိသွားလျှင်မှ ကျွန်မကို
အားနာနေဦးပေမည်...

..........................................

ထမင်းစားခန်းအတွင်း သန့်က ထိုင်၍
မနက်စာစားနေလေ၏။

ထိုစဉ် ရွှေရည်က ဖိုင်အထပ်လိုက်နှင့်
ထမင်းစားခန်းထဲသို့ ဝင်လာလေ၏။

သန့်နှင့် ရွှေရည်သည် ယခင်ကတည်းက ညီအစ်မကဲ့သို့ နေလာကြရာ ယခုအခါ သန့်က သူစိမ်းကို မန််နေဂျာ မထားချင်သဖြင့် ရွှေရည့်အား အကူအညီတောင်းရာ ရွှေရည်ကသာလျှင် သန့်၏ ကိစ္စအဝဝကို စီမံပေးနေရလေ၏။

ရွှေရည့်အတွက်လည်း Game Stream နိုင်ရန် သန့်က တစ်ဖန်ပြန်လည် ကူညီခြင်းဖြင့် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီကာ နေထိုင်ကြလေ၏။

ရွှေရည်က ကော်ဖီသောက်နေသော သန့်ကို မျက်မှောင်ကျုံ့၍ ကြည့်ကာ

ရွှေရည် - " မသန့် မနေ့ညကလည်း ကော်ဖီ သောက်ထားတာကို အခုလည်း ထပ်သောက်နေပြန်ပြီ... ပြီးရင် နှလုံးအောင့်တယ် အော်ဦးမယ်... "

သန့် - " မအော်ပါဘူးအေ... မက စားချင်တာ စားရရင် အဆင်ကိုပြေလို့ ... သြော်... သင်္ဃန်းကျွန်း EC က တီချယ်ဒေါ်သီတာထွေး ဖုန်းဆက်တယ် ... ရှင်က ဖုန်းမကိုင်လို့ ဆိုပြီး တိုက်ရိုက်ဆက်တာ ... Second Semester အတွက် အကသင်ဖို့ Appointment လာတောင်းနေတယ်... Second Semester အကတွေ လိုက်မသင်တော့ဘူးဆိုတာ မပြောရသေးဘူးလား... "

The Rope (Own Creation)Donde viven las historias. Descúbrelo ahora