Part 21 (Unicode)

Start from the beginning
                                        

ကျွန်မ - " အဟွတ် ... အဟွတ်... "

ဖြူ - " ဆရာမ ရရဲ့လား... "

ကျွန်မ - " အင်း... ရတယ်... သတိမထားလိုက်မိလို့... "

ဖြူ - " မမသန့်လိုလူကို ရတဲ့သူက တကယ် ကံကောင်းတာပဲ... အဲ့သည့် ပုံက ဘယ်သူ့ပုံလဲ သိချင်နေခဲ့တာ ... ဆရာမရော မသိချင်ဘူးလား... "

ကျွန်မ - " သိပြီး ဘာလုပ်ရမှာလဲ ကိုယ့်ကိစ္စမှ မဟုတ်တာ... "

ဖြူ - " ကိုယ့်ကိစ္စမဟုတ်ပေမယ့် စပ်စုချင်တာပေါ့ ဆရာမကလည်း... သမီးကလေ မမသန့်ကြောင့် မြောင်းမြဘက်ကို ရအောင်လျှောက်ခဲ့တာ... ကံကောင်းချင်တော့ ပထမဆုံးကျောင်းမှာတင် ဒီရွာကို ရောက်လာတာပဲ... "

ကျွန်မ - " ဒီကို ရောက်တော့ရော တွေ့နိုင်တာမှ မဟုတ်တာ... "

ဖြူ - " ဟာ... ဆရာမကလည်း သူမြောင်းမြကို ပြန်လာတဲ့အချိန်နဲ့ သမီး မြို့ကို ကိစ္စရှိလို့ သွားတဲ့အချိန် တိုက်ဆိုင်နိုင်တာပဲကို... "

ကျွန်မ - " တွေ့ရင်ရော သူက နင့်ကို မှတ်မိပါ့မလား... "

ဖြူ - " မှတ်မိမှာ... ဘာလို့လဲ ဆိုတော့ Facebook မှာလည်း တစ်ချိန်လုံး Friends တွေလေ... ပြီးတော့ နှစ်နှစ်တောင် မမသန့်နဲ့ တစ်ဆောင်တည်း နေဖူးတဲ့ဟာ... ပြီးတော့ အဆောင်မှာကလည်း တစ်ထပ်တည်းလေ... Major မတူလို့ သမီးတို့ရဲ့ Ec က မမသန့် မဟုတ်ပေမယ့် တစ်ထပ်တည်းနေတာမို့ သန့်ရှင်းရေးဆို မမသန့်က အောက်ဆုံးထပ်ရဲ့ Ec ပဲလေ... မမသန့်က အကြီး ပီသတယ် ... အဆောင်ရဲ့ အောက်ဆုံးထပ်နဲ့ ရုပ်ရှင်က ကလေးတွေ ဘာဖြစ်ဖြစ် သူခေါင်းခံပြီး လိုက်ရှင်းပေးတယ်... ဆူစရာရှိရင်လည်း သူက အရင် ခေါ်ဆူတယ်... အစက မမသန့်ကို ကြောက်နေတာ... နောက် အကြောင်းသိတော့မှ အဟိ... အဟိ... ဟီးဟီး ... "

ကျွန်မ - " အဲ့ဒါက ဘာထဖြစ်တာလဲ... "

ဖြူ - " ပြန်တွေးမိပြီး ကြည်နူးလို့ ... သမီးသာ ရုပ်ရှင်ကဆို မမသန့်ကို ဘာသာစုံ စာသွားမေးလို့ ရတယ်... အဲ့တုန်းက Major မတူတော့ စာပေဘာသာရပ်တွေပဲ သူက သင်ပေးခဲ့တာ... "

ကျွန်မ - " အင်း... အဲ့ဒါကြောင့် ဒီလောက်ပဲ ရူးတာကို ကျေးဇူးတင်ရမလိုလို... တစ်နေ့ တစ်နေ့ သူ့အကြောင်းပဲ ကြားနေရတာ ကိုယ့်ကိုယ်ကိုယ်တောင်မှ သနားလာပြီ... "

The Rope (Own Creation)Where stories live. Discover now