Part 21 (Unicode)

Start from the beginning
                                        

ကျွန်မ - " ဟင်... ဘာလဲ... "

ဖြူ - " တကယ်တော့လေ မမသန့်က သမီးရဲ့ အချစ်ဦး ... "

ကျွန်မ - " ဟင်... "

ကျွန်မက ဖြူစင့်ကို တအံ့တသြ ကြည့်လိုက်ရာ ဖြူစင်က ပြုံး၍

ဖြူ - " အံ့သြသွားလား... သမီးအတွက်လည်း အံ့သြစရာပဲ... သမီးကိုယ်သမီး မသိလိုက်မိခင်မှာပဲ မမသန့်ကို Crush မိသွားပြီး နောက်ဆုံး ချစ်မိသွားခဲ့တယ်လေ... အခုထိ ... "

ကျွန်မ - " သြော်... ဖြစ်တတ်ပါတယ်... "

ဖြူ - " ဆရာမအသံကြီးကလည်း အားမရှိလိုက်တာ... "

ကျွန်မ - " မဟုတ်ပါဘူး... မထင်ထားလို့... "

ဖြူ - " အင်းပေါ့... ဘယ်ထင်ထားမလဲ... သမီးတောင် အစကဆို လက်မခံနိုင်ခဲ့ဘူး... ဘာလို့ မိန်းကလေးတစ်ယောက်ကိုမှ သဘောကျမိရတာလဲပေါ့လေ... အထူးသဖြင့် မမသန့်လို မိန်းမဆန်လွန်းတဲ့ မိန်းကလေးမျိုးကိုပေါ့ ... မမသန့်က သမီးကို ပြန်ကြိုက်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်မလဲပေါ့လေ... နောက်တော့မှ သိရတာ တစ်ခုက ... အင်း... ဆရာမ ယမုံဝင့်ဝါကို သိတယ်မလား ... Sunkist ကြော်ငြာတဲ့ မော်ဒယ်လေ... "

ကျွန်မ - " အင်း... သိပြီ သိပြီ... သူက ဘာဖြစ်လို့လဲ... "

ဖြူ - " မမသန့်ရဲ့ ရည်းစားဟောင်းလေ... အဲ့အစ်မက သမီးတို့ရှေ့တစ်နှစ်က ရုပ်ရှင်ရဲ့ Major Queen ... သမီးက မမသန့်ကို ကြိုက်နေမှန်း သိလို့ မမသန့်နဲ့ မောင်နှမလိုခင်တဲ့ စီနီယာအစ်ကို တစ်ယောက်ပြောပြတာ... မမသန့်ကလည်း Gay နေပေမယ့် သမီးကိုဆို ပြန်ကြိုက်မှာ မဟုတ်ဘူးတဲ့ ... မမသန့်ကို မေးကြည့်တော့ ဟုတ်တယ်တဲ့ ... တွဲဖူးတယ်တဲ့ ... ဒါပေမယ့် သူ့ အချစ်ဦးကို မမေ့နိုင်လို့ ဘယ်သူနဲ့မှ ထပ်မတွဲတော့ဘူးတဲ့ ... အဲ့လိုနဲ့ သမီးက ဖွင့်မပြောရသေးခင် အငြင်းခံလိုက်ရတယ်... "

ကျွန်မ - " နင့်အဖြစ်ကလည်း... "

ဖြူ - " သိလား ဆရာမ ... မမသန့်ကလေ အဆောင်မှာ ညတိုင်း ကော်ဖီသောက်တယ်... မမသန့်ရဲ့ ကော်ဖီခွက်က Magic Cup ဆိုတော့ အပူထည့်ရင် ပုံပေါ်တယ်လေ... အဲ့ခွက်ပေါ်က သူ့အချစ်ဦး ပုံလား မသိဘူး... "

ဖြူစင့်စကားကြောင့် ကျွန်မ သောက်နေလက်စ အအေးပင် သီးသွားလေသည်။

The Rope (Own Creation)Where stories live. Discover now