Part 21 (Unicode)

Start from the beginning
                                        

သန့်က ကော်ဖီခွက်ကို ကိုင်ကာ ပြုံးနေသည့်ပုံကို ကျွန်မရော ဖြူစင်ပါ ပြုံး၍ ကြည့်နေမိသည်။ ဖြူစင်က ထိုပုံကို save လိုက်ကာ

ဖြူ - " အား... ချစ်စရာလေး... "

ကျွန်မ - " အဲ့လောက်တောင် အသန့်လေးကို သဘောကျတာလား... "

ဖြူ - " အင်း... ကျောင်းတုန်းကတည်းက ပထမနှစ်တုန်းကလေ... "

ကျွန်မက ဖြူစင် မပြောမီ ဖြူစင့်ကို လက်ကာ၍

ကျွန်မ - " သမီး ပထမနှစ်တုန်းက မမသန့်တို့က တတိယနှစ် ဒုတိယတစ်ခါ ထပ်တက်ရတဲ့နှစ် Covid အပြီးမှာပေါ့ ဆရာမရယ်... ကျောင်းမှာလေ အိမ်စာတွေပေးလို့ Hall ထဲမှာ အိမ်စာလုပ်ရင်း စိတ်ညစ်နေတုန်း မမသန့်က ကော်ဖီလာဖျော်တာ သမီးကို တွေ့ပြီး ဘာဖြစ်လို့လဲ မေးပြီး စာတွေရှင်းပြသွားတယ် ... အဲ့မှာ စပြီး သဘောကျသွားတာပဲ... အဲ့ဒါပဲ ပြောဦးမှာမလား... နင် ဒီရွာရောက်ကတည်းက အဲ့စကားပဲ ထိုင်ပြောနေတာ တော်ပါတော့ဟယ်... "

ဖြူစင် မပြောမီ လု၍ ပြောလိုက်ရာ ဖြူစင်က ပြုံးလျက်

ဖြူ - " ဆရာမရဲ့ ... Idol ဆိုတာ အဲ့လိုလူမျိုးလေ... ဘယ်နှခါ ပြောပြီးပါစေ သူ့အကြောင်းပဲ တွေးရင်း ပြုံးနေချင်မိတယ်... စိတ်ပင်ပန်းရတဲ့အချိန်တွေမှာဆို သူက အားဆေးတစ်ခွက်လိုပဲ... ဘာမှ မလိုဘူး... သူ့အကြောင်းတွေးရုံနဲ့တင် အားရှိလာတယ်... ဒီလူကို ဆက်ချစ်နေဖို့အတွက် ငါအားရှိဖို့လိုတယ် ဆိုတဲ့စိတ်က စိတ်ပင်ပန်းမှုတွေ၊ ဝမ်းနည်းမှုတွေ၊ အားငယ်စိတ်တွေကို လျော့ကျစေတယ်... ဒီလူရဲ့ ပျော်ရွှင်မှုတွေက ကိုယ့်အတွက် တိုက်ရိုက်သက်ရောက်တယ်... "

ဖြူစင့်စကားကြောင့် ကျွန်မ ပြုံးလိုက်မိလေသည်။

ကျွန်မ - " ဒီလို Fan တွေကြောင့် သူလည်း ပျော်ရမှာပါ... "

ဖြူ - " ဒါပေါ့ ... "

ဖြူစင်က ကျွန်မ အနားကပ်လာကာ လက်ဖြင့်ကွယ်၍

ဖြူ - " မမသန့်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်... ပြောပြရမလား ... "

The Rope (Own Creation)Where stories live. Discover now