Part 20 (Unicode)

Start from the beginning
                                        

သန့် - " မနက်ဖြန် ဘာနေ့လဲ... "

ကျွန်မ - " Birthday လေ... "

သန့် - " ထူးထူးဆန်းဆန်း ကိုယ့်မွေးနေ့ကိုယ် မှတ်မိနေပါလား... "

ကျွန်မ - " မမ အရင်လို မွေးနေ့ကို မမေ့တော့ဘူး အသန့်လေးရဲ့... အသန့်လေးနဲ့ ရှစ်လကွာတယ် ပြီးတော့ Anniversary ..."

သန့် - " မမ မှတ်မိနေတာပဲ... "

ကျွန်မ - " ဖုန်းမဆက်လောက်ဘူး ထင်ထားတာ... "

သန့် - " အသန့်လေးက မမလို မနေနိုင်ဘူးလေ... "

ကျွန်မ - " မမလည်း မနေနိုင်ပါဘူး ... ဒါပေမယ့် နေနိုင်မှ ဖြစ်မယ်... "

သန့် - " မမ... "

ကျွန်မ - " မွေးနေ့ကို မှတ်မိပေးလို့ ကျေးဇူးတင်ပါတယ်... မမကို စိတ်ဆိုးနေခဲ့တာမလား... ဆက်ပြီး စိတ်ဆိုးလိုက်ပါ... မမ မှားတာ မမ သိပါတယ်... ဒါပေမယ့် အသန့်လေး အတွက် မမက ခလုတ်ကန်သင်းဖြစ်နေသလို Feeling ကြီးက... မမ တကယ် အဆင်မပြေဘူး... မမ အသန့်လေးကို ချစ်တယ် ... ဒါပေမယ့် အဲ့သည့်အချစ်တွေကို ရင်ထဲမှာပဲ ထားလိုက်တော့မယ်... အသန့်လေး မမကို ပြန်လှည့်မကြည့်နဲ့တော့ ... "

သန့် - " ဘာလို့လဲ... ဘာလို့ ဒီလို ရုတ်တရက်ကြီး ဆုံးဖြတ်လိုက်တာလဲ... "

ကျွန်မ - " မမရဲ့ စိတ်ခံစားချက်ကိုပါ ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့လား... အသန့်လေး မမကို နားလည် မပေးခဲ့ဘူး... အမြဲ လိုရာပုံပဲသွင်းနေခဲ့တာ... "

သန့် - " နားမလည်ပေးတာက မမပါ... အသန့်လေး မနေနိုင်မှန်း သိလျက် အသန့်လေးကို အလေးမထားဘူး... မမရဲ့ ကမ္ဘာမှာ အရာအားလုံးက အသန့်လေးထက် အရေးကြီးနေခဲ့တာလေ... အသန့်လေး လိုချင်တာ မမဆီက ဂရုစိုက်မှု၊ ကြင်နာမှု၊ ယုယမှု၊ နွေးထွေးမှု သက်သက်ပဲ... ရည်းစားတအားရှုပ်တဲ့ အသန့်လေးက မမကိုမှ အရာရာ ပုံအပ်ပြီိး ချစ်ခဲ့တာ ဘာလို့လဲ သိလား... မမဆိုရင်တော့ အသန့်လေးလိုချင်တဲ့ အချစ်မျိုးကို ပေးနိုင်တယ်... မမက နွေးထွေးတတ်တဲ့ အမျိုးသမီးဆိုပြီး သဘောကျခဲ့မိတာ... ဒါပေမယ့် မမနဲ့ အသန့်လေး အတွေးမတူခဲ့ဘူး၊ ချစ်ပုံချစ်နည်း မတူခဲ့ဘူး... မမတွေးသလို အသန့်လေးတို့ ဝေးသွားတိုင်း အရာအားလုံး ပြီးသွားမယ် ထင်နေလား... အဲ့အတွေး သိပ်မှားတယ်... လူက ဘယ်လိုပဲ မေ့ဖျောက်ပစ်ပါစေ အသန့်လေးတို့ရဲ့ နှလုံးသားတွေက သတိရနေဦးမှာပဲ... "

The Rope (Own Creation)Where stories live. Discover now