နှင်း - " အသန့် နင်မှားနေပြီ... နင်သူ့ကို ဖွင့်ပြောဖို့ ကြိုးစားခဲ့လား... သူနဲ့နင့်ကြားမှာ ကွာခြားမှုကြီးမားတယ်ဟ... အဓိကက သူက ငါတို့ထက် အသက်အများကြီး ကြီးတယ်... အဲ့ဒါကြောင့် သူ့အတွေးတွေက ငါတို့ထက် ဘဝဆန်တယ်... သူလိုချင်တာက နင့်ဆီက သေချာမှု တစ်ခုပဲ... နင်နဲ့သူနဲ့က ရည်းစားဘဝကနေ ပြတ်ထားပြီး ဒီအတိုင်း Just Friend ယောင်ယောင်နဲ့ အတူနေခဲ့တဲ့အထိ ပက်သတ်တဲ့ပုံစံက နင့်အတွက် အဆင်ပြေပေမယ့် သူ့အတွက်က အဆင်ပြေမှာမဟုတ်ဘူး... သူက နင်နဲ့ ပြန်တွဲပြီး တိကျသေချာတဲ့ Relationship မျိုးကို လိုချင်နေမှာပဲ... သူ နင့်ကို ရှောင်တာလည်း အဲ့ဒါကြောင့်ပဲ ... သူ့စိတ်ထဲမှာ နင်က သူ့ကို တကယ်လက်မတွဲချင်ဘူး အပျော်အီတယ်လို့ တွေးချင် တွေးသွားနိုင်တယ်... နင်လက်ထပ်ရမှာကို ကြောက်တာ ငါသိတယ် ဒါပေမယ့် အသန့် အခုလို ရည်းစားတွေ မှိုလိုပေါက်အောင် ထားပြီး တကယ်ချစ်တဲ့သူကို လက်လွှတ်လိုက်တော့မလို့လား... နင် သူ့ကို လက်မထပ်ချင်ရင်တောင် ရည်းစားဘဝနဲ့ ချစ်ပေးနေရင် သူလက်ခံမှာပဲ... နင်က ချစ်နေရုံနဲ့ အရာရာပြည့်စုံပြီလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်... သူ့အတွက် အဆင်မပြေဖြစ်နိုင်တယ်ဆိုတာ နင် ထည့်မတွေးတော့ဘူးလား... နင် မာနကြီးတာ ငါသိပေမယ့် နင်က သူ့ကို ဖွင့်ပြောဖို့ တကယ် တွန့်ဆုတ်နေတာပဲ ... နင် နင့်ရည်းစားဟောင်းဆီကနေ လက်ရှိရည်းစားလို အချစ်ခံချင်နေတာလား... အဲ့ဒါ ရေရှည် အဆင်ပြေမယ် ထင်နေတာလား... "
သန့် - " ဖြစ်ပြီးသွားပြီပဲဟာ... အဆင်ပြေအောင် နေရမှာပေါ့... သူတောင် နေနိုင်တာ ငါလည်း နေနိုင်ရမှာပေါ့ ... "
နှင်း - " နင်တကယ်ချစ်တဲ့သူနဲ့တော့ နင်အဆင်ပြေအောင် နေမယ်လို့ ငါထင်ခဲ့မိတာ... နင်က ထုံးစံအတိုင်း မာနကို မလျှော့နိုင်ဘူးပဲ..."
နှင်းရဲ့ စကားတို့ကြောင့် သန့်တစ်ယောက် တွေဝေမိခဲ့သည်မှာ အမှန်ပင်...
..............................
အဲ့သည့်နောက် တစ်ပတ်အကြာမှာ ကျွန်မ၏ မွေးနေ့ မတိုင်မီတစ်ရက် သန့်က ကျွန်မဆီသို့ ဖုန်းဆက်လာခဲ့လေသည်။
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 20 (Unicode)
Start from the beginning
