နှင်း၏အပြောကို သန့် မည်သို့မျှ မတုံ့ပြန်ချေ။
နှင်း - " ဘာလို့ ငိုနေရတာလဲ... သူ နင့်ကို ငြင်းလိုက်လို့လား... "
သန့် - " ဟင့်အင်း... ငါ သူ့ကို ပြန်တွဲမယ်လို့ မပြောခဲ့ဘူး... "
နှင်း - " ဟင်... ဒါဆို ဘာဖြစ်ကြတာတုန်း... "
သန့် - " ငါ သူ့ကို ရှေ့ဆက်မတိုးကြဖို့ ပြောလိုက်တယ်... ငါတို့ရဲ့ ဆက်ဆံရေး ပြီးဆုံးသွားပြီ... "
နှင်း - " ချီးပဲ... ငါက နင့်ကို ပြန်တွဲဖို့ပြောခိုင်းတာကို နင်က လုံးဝ အဆက်ဖြတ်လိုက်တယ် ... နင်ရူးသွားတာလား သန့်ကြယ်စင်... "
သန့် - " မသိပါဘူး... ရူးသွားပြီ ထင်တာပဲ... "
နှင်း - " ရူးလည်း ကိုယ့်ဖာသာကိုယ် ထမင်းလွတ်ရူးလေ... ဘာကိစ္စ သူများ သားသမီးကို နင်ဒုက္ခပေးနေရတာလဲ... "
သန့် - " သူက ငါ့ကို ချစ်တယ်ပဲ ပြောပြီး ရှောင်နေတယ်လေဟာ... အဲ့ဒါ သူ့ဘက်က ပြတ်ချင်လို့ မဟုတ်ဘူးလား... ငါက ငါ့ကြောင့် သူစိတ်ရှုပ်နေရမှာစိုးလို့ ... သူက ငါ့ကို ရှောင်နေတာ ငါကပဲ အတင်း လိုက်ကပ်နေရတာ ကြာတော့ ငါ့အတွက် အဆင်မပြေတော့ဘူး... "
နှင်း - " သူလည်း သူ့ကိစ္စနဲ့သူ ရှိမှာပေါ့ ... ပြီးတော့ နင်တကယ် ပြတ်နိုင်လို့လား... "
သန့် - " ဟင့်အင်း... မပြတ်နိုင်ဘူး... ငါတို့ကြားက သံယောဇဉ် ဘယ်လောက် ကြီးမားခဲ့သလဲ... ငါ သုံးနှစ်လုံး သူ့ကိုပဲ ချစ်လာခဲ့တာ... "
နှင်း - " အေးလေ... နင်လည်း မပြတ်နိုင်ဘဲ ဘာလို့... "
နှင်း၏ စကားမဆုံးလိုက်ခင်မှာပင် သန့်က ဖြတ်၍
သန့် - " ဒါဆို ငါက မရေရာတဲ့ သူ့အချစ်ကို ဆက်ပြီး မျှော်လင့်နေရမှာလား... နှင်းလဲ့ခိုင် ငါပြောပြမယ်... ငါ မမကို ချစ်တယ်... သူချစ်တာလည်း ငါသိတယ်... ဒါပေမယ့် မမက ငါ့ကို လက်လျှော့ဖို့ စိတ်ကူးနေတာ... ငါနဲ့ ပြတ်ချင်နေတာ ... ဒါကို ငါက သိသိကြီးနဲ့ ဆက်ပြီး တွယ်ကပ်နေရမှာလား ... သူ့ကို ချစ်တာက ချစ်တာပဲ... သူကမှ ငါနဲ့ ရှေ့မဆက်ချင်တာ ငါက ဘာလုပ်ရမှာလဲ... ငါလည်း မတတ်နိုင်ဘူး... ငါတို့ နှစ်ယောက် ဆက်ပြီး ပက်သတ်နေရင် ငါပိုပြီး နာကျင်ရလိမ့်မယ်... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 20 (Unicode)
Start from the beginning
