Part 20 (Unicode)

Start from the beginning
                                        

သန့် - " ဒါပေမယ့် မမက အသန့်လေးအပေါ် အေးစက်သွားခဲ့ပြီ ... မမက အသန့်လေး ဘယ်လိုခံစားရမလဲ နည်းနည်းလေးတောင် မတွေးပေးဘူး... မမ နေနိုင်တာ အသန့်လေး သိပေမယ့် အသန့်လေးက မနေနိုင်ဘူးလေ မမရယ်... ဒါပေမယ့် မမ စိတ်ချမ်းသာ သလိုနေပါ... အခုလို ဘာမဟုတ်တဲ့ ဆက်ဆံရေးကိုလည်း ရပ်တန့်လိုက်ကြတာပေါ့... မမ ထားခဲ့တာ မဟုတ်ဘူးနော်... အသန့်လေးက ထားခဲ့တာ... "

ကျွန်မ သန့်ကို ဘာမှ ပြန်မပြောခဲ့ပါ... သုံးကြိမ်မြောက် ထားခဲ့ခံရချေပြီ...

တမင် ထားသွားအောင် ကြိုးစားခဲ့သည်မို့ သည်တစ်ခါတော့ ကျွန်မ နောင်တ မရတော့ပါ...

သို့ပေမယ့်လည်း နာကျင်ရပေသည်။

သန့်၏ ဘဝခရီးလမ်းမှာ ကျွန်မက အတားအဆီး တစ်ခု ဖြစ်မနေချင်ပါ...

သန့်၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်ရာ၌ ကျွန်မကို ပြန်လှည့်ကြည့်နေရတာမျိုးကို မလိုလားပါ...

သူ့အပေါ် ထားရှိသော ကျွန်မ၏ ချစ်ခြင်းမေတ္တာများသည် ထာဝရအတွက် ပေးဆပ်မှု သက်သက်သာ ဖြစ်လေသည်။

အင်း... ပေးဆပ်မှုဟု မဆိုဘဲ သူရဲဘောကြောင်မှုဟု ဝေဖန် အပြစ်တင်ကြမည် ဆိုလည်း ကျွန်မ ငြင်းဆိုဝံ့ပါ...

သို့ပေမယ့် ကျွန်မကြောင့် သန့် အနှောင်အဖွဲ့ကင်းကင်း လွတ်လပ်စွာ ပျံသန်းနိုင်မည် ဆိုလျှင် ကျွန်မ ကျေနပ်ပါသည်။

သန့်က အချစ်ကြောင့် ဘဝကို နစ်မွန်းခံလိမ့်မည် မဟုတ်ဘဲ အကောင်းဆုံး ရှေ့ဆက်လျှောက်လိမ့်ပေမည်။

..............................

ခေါင်းအုံးထက် မျက်နှာအပ်၍ လူမသိအောင် ကြိတ်ငိုနေစဉ် ရုတ်တရက် ဖုန်းမြည်လာ၍ သန့်သည် ဖုန်းကို လှမ်းယူလိုက်လေ၏။

အတားအဆီးမရှိသော မျက်ရည်များကို သုတ်ကာ ဖုန်းကို ကိုင်လိုက်လေ၏။

သန့် - " အေး... သူငယ်ချင်း ပြော... "

နှင်း - " ဘာသူငယ်ချင်းပြောလဲ... ငိုနေတဲ့အသံကြီးနဲ့ ... "

The Rope (Own Creation)Where stories live. Discover now