Part 19 (Unicode)

Start from the beginning
                                        

"ကလေးတွေ စာကျက်တာစောင့်ပေးနေရလို့ပါ" ဟူသည့် အဖြူရောင် မုသားလေးကိုသာ သုံးလိုက်မိသည်။

လွမ်းဆွတ်ရသော်လည်း ကျွန်မ၏ ဆုံးဖြတ်ချက် မှန်ကန်သည်ဟု ကျွန်မ ထင်ပါသည်။

.................................

ဇာတ်ညွှန်းခန်း၏ ထောင့်တွင် သန့်နှင့်နှင်း နှစ်ဦးသားထိုင်နေလေ၏။

နှင်းက သန့်၏ ဖုန်းကို ကြည့်လိုက်ရင်း

နှင်း - " ဟဲ့ ... သူ့တပည့်တွေကို စာကျက်စောင့်နေရလို့ ဆိုပဲ... သူငယ်ချင်း နင့်ဘဝကြီးက ကလေးတွေလောက်တောင် အရေးမပါ... ကလေးတွေကို စာကျက်စောင့်ပေးနေရလို့ အဟိ... သူငယ်ချင်း နင်တော့ ကျန်ရစ်ဖြစ်ပြီ... "

သန့် - " နင့်မေလင် ကျန်ရစ်... သူမအားလို့နေမှာပါ... "

နှင်း - " နင်တို့နှစ်ယောက် ညှိပြီး ပြန်တွဲမယ်ဆိုလည်းတွဲ ... အခုလို မရေမရာ လုပ်မနေနဲ့တော့... နှစ်ယောက်စလုံးအတွက် မကောင်းဘူး... မာမီ့ကို စိတ်မပူနဲ့ ... ငါတို့ ဝိုင်းရှင်းပေးမယ်... နင်သူ့ကို ချစ်တယ်မလား ... ပြန်တွဲလိုက်... အခုက တွဲနေတာလည်း မဟုတ်တော့ နင်တို့ ထပ်ဝေးဖို့ဆိုတာက လွယ်တယ်... လင်မယားတောင် ကွဲတတ်သေးတာပဲ... နင်တို့က ဘာမှ ပတ်သတ်ကြတာ မဟုတ်ဘူး... "

သန့် - " သူက ငါ့ကို စကားစတယ်ဟ... ငါက လမ်းကြောင်းလွှဲလိုက်မိတယ်... "

နှင်း - " နင်ကတော့လေ... ပြန်မတွဲချင်ရင်တောင် သူယုံအောင်နေလေ... နင်အခုလို ရည်းစားတွေ လျှောက်ထားနေမှတော့ သူက နင့်ကို ယုံမလား... ပြီးတော့ သူက နင့်ထက် အများကြီး အသက်ကြီးတယ် ... နင်တအား မဆိုးနဲ့ ... သူ့အနေနဲ့ နင့်ကို ချစ်ဖို့ ဘယ်လောက် ကြိုးစားရမလဲ... နင်ကတော့ လုပ်ချင်ရာ အမြဲလုပ်တယ်... သူက လူကြီး၊ အနည်းနဲ့ အများ သူခံပြင်းမှာပဲ... ပြီးတော့ သူက ဆရာမ၊ သူ့ထက် အများကြီးငယ်တဲ့ မိန်းကလေးကို ချစ်ဖို့ သူတော်တော် တွေဝေခဲ့မှာ... နင် အမြဲ နင့်ကိုယ်နင် မှန်တယ် ထင်မနေနဲ့... သူ့ဘက်ကလည်း စဉ်းစားဦး... "

သန့် - " အင်း... ဒီတစ်ခါ ဖုန်းရရင် ငါသူ့ကို ဖွင့်ပြောလိုက်တော့မယ်... "

သန့်က မျက်နှာငယ်နဲ့ ပြောသောအခါ နှင်းကတော့ မျက်စောင်းထိုး လိုက်လေ၏။

နှင်း - " ချစ်မိတဲ့အခါ သန့်ကြယ်စင်လို လူတောင် တော်တော် မအူမလည် ဖြစ်သွားတာပဲ... ငါသိရသလောက် နင်ကချည်း လူတစ်ခါကို လှည့်ပတ်လာတာပါ... "

သန့် - " သူတို့ကိုမှ မချစ်တာ... မမကိုတော့ ချစ်တယ်လေ... "

နှင်း - " အေး... အဲ့စကား ငါ့ကို လာမပြောနဲ့ ... နင့်မမကို သွားပြော... "

သန့် - " မှန်လှပါမယ်ဘုရား... ကျွန်တော်မျိုးမ နာခံပါ့မယ်... "

သန့်က နန်းသံဖြင့် လက်အုပ်ချီလျက် ပြောလိုက်ကာ သူငယ်ချင်း နှစ်ဦးသား ရယ်လိုက်ကြလေ၏။

...................................

The Rope (Own Creation)Where stories live. Discover now